“ထီငါးသိန်းဆုပေါက်ပြီးကာမှ လက်မှတ်ပျောက်လို့ ဆုကြေးငွေမထုတ်လိုက်ရတဲ့ စံရတိမိုးမြင့်”
celegabar.com
|
2019-12-06

စံရတီမိုးမြင့်ကတော့ ဒုတိယသက်မွန်မြင့်လို့တောင်တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့အထိ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်စဖွယ်မျက်နှာလေးနဲ့ ပွင့်လင်းရိုးသားတဲ့ စကားပြောဟန်လေးတွေကလည်း စံရတီမိုးမြင့်ရဲ့အားသာချက်တစ်ခု ဖြစ်စေခဲ့တာပါ။ စိတ်ထားကောင်းတဲ့ စံရတီမိုးမြင့်လေးကတော့ ကံဇာတာတွေတက်နေတယ်လို့ ဆိုရမှာပါ။

သူကတော့ ဒီလမှာထီငါးသိန်းဆုပေါက်ခဲ့ပေမယ့် ထီလက်မှတ်ပျောက်သွားတာကြောင့် ဆုကြေးငွေထုတ်လို့မရခဲ့တဲ့အကြောင်းကို “ရှေ့လက သရက္ခန်ဘုရားဖူးပြီး အဲ့ကျောင်းတိုက်ခြေရင်းမှာ ထီဆိုင်သေးသေးလေးက ထီထိုးခဲ့တာငါးသိန်းဆုပေါက်တယ်…ဖုန်းဆက်လာတော့ ထီလက်မှတ်ကပျောက်သွားပြီ…ဘာပဲဖြစ်ဖြစ်ကံတက်နေတာလို့ ယူဆလို့ အခုမော်လမြိုင်မှာ နယ်လှည့်ပြီး ထီပတ်ထိုးလိုက်ပါဦးမယ်” ဆိုပြီးသူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာထက်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ…အောင်ဘာလေသိန်းထီဆုကြီးကတော့ ရန်ကုန်မှာပေါက်တယ်မရှိလောက်အောင် နယ်တွေမှာပဲ ပေါက်နေတာကြောင့် စနောက်တဲ့အနေနဲ့နယ်ဆင်းထိုးကြမယ်လို့ တောင်ပြောဆိုလာကြတာဖြစ်ပါတယ်။ စံရတီမိုးမြင့်ကတော့ ကံတက်နေတာကြောင့် ဒီတစ်ခေါက်မော်လမြိုင်မှာ ထီထိုးရင်လည်း ပေါက်မယ်ထင်တာပါပဲနော်။

Source – San Yati Moe Myint
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Some text some message..