ပရိသတ်တွေရဲ့ မဲပေးမှုနဲ့ ဆယ်လီစုံထောက်များရဲ့ ရွေးချယ်မှုကြောင့် မျက်နှာဖုံးချွတ်ပြလိုက်ရတဲ့ The Mask Singer ပြိုင်ပွဲကြီးမှ ယက္ခ့မျက်နှာဖုံးရှင်မှ ချွတ်ချခဲ့ရပြီး ပိုင်ရှင်ကတော့ ကိုကျော်ထူး ပဲဖြစ်ပါတယ်။ယက္ခမျက်နှာဖုံးပိုင်ရှင်ကတော့ နိုင်ငံကျော်ဝါရင့်စွယ်စုံရ အနုပညာရှင် ဦးကျော်ဟိန်းရဲ့ “ညမွေးပန်း” သီချင်းသီဆိုခဲ့ပြီး စုံထောက်တွေဖြစ်တဲ့ ရတနာမိုင်က ဗေလုဝ၊ခိုင်သင်းကြည်က အိစီကွေး၊ ထွန်းထွန်းက ဟဲဗီဖြိုး၊ဦးအရိုင်းက ဒေါ်ထားလို့ ခန့်မှန်းခဲ့ပါတယ်
ယနေ့ညမှာတော့ The Mask Singer ပြိုင်ပွဲကြီးရဲ့ Group C ဖြစ်တဲ့ ဖိုးဝ၊ နံနတ်သီး၊ ယက္ခတို့ကယှဉ်ပြိုင်သီဆိုခဲ့တာဖြစ်ကာ “ဖိုးဝ” မျက်နှာဖုံးပိုင်ရှင်ကတော့ နိုင်ငံကျော်အဆိုတော် Rဇာနည်ရဲ့ အသည်းကွဲမြို့တော် သီချင်းနဲ့ သီဆိုခဲ့ပြီး ဆယ်လီစုံထောက်တွေဖြစ်တဲ့ ရတနာမိုင်နဲ့ ခိုင်သင်းကြည့်ကတော့ နိုင်ငံကျော်မင်းသားချော ကျော်ကျော်ဗိုလ်၊ ဦးအရိုင်းနဲ့ ထွန်းထွန်းတို့ကတော့ နိုင်ငံကျော်အဆိုတော် ရဲလေးလို့ ခန့်မှန်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ နံနတ်သီး မျက်နှာဖုံးပိုင်ရှင်ဟာ နိုင်ငံကျော်ဝါရင့်အဆိုတော် ကော်နီရဲ့ “ဆေး” သီချင်းကိုသီဆိုခဲ့ပြီး ဆယ်လီစုံထောက်တွေမှ ဝိုင်းလေး၊ မေ၊ အေးမြတ်သူနဲ့ အေးသောင်းဆိုပြီး ခန့်မှန်းခဲ့ကြပါတယ်။
The Mask Singer Myanmar ပြိုင်ပွဲမှာ မတူညီတဲ့အနုပညာရှင်(၁၈) ဦးပါဝင်ယှဉ်ပြိုင်ပြီးပရိသတ်များနဲ့ဆယ်လီစုံထောက်များက မျက်နှာဖုံးရှင်ပြိုင်ပွဲဝင်ဆယ်လီများကိုဖော်ထုတ်ရမှာဖြစ်ပါတယ်။Group A ရဲ့မျက်နှာဖုံးရှင်တွေဖြစ်တဲ့နဂါးနဲ့ဂြိုဟ်သား၊Group B ရဲ့မျက်နှာဖုံးရှင်တွေဖြစ်တဲ့ဇော်ဂျီနဲ့သီးမွှေး ၊Group Cရဲ့မျက်နှာဖုံးရှင်တွေဖြစ်တဲ့ နံနတ်သီးနဲ့ဖိုး၀ တို့က နောက်တစ်ဆင့်ကို ဆက်လက်တက်လှမ်းခွင့်ရခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရေ နံနတ်သီးနဲ့ဖိုး၀ တို့ကရော ဘယ်သူတွေဖြစ်မလဲဆိုတာ ခန့်မှန်းခဲ့ကြဦးနော်။
Source: The Mask Singer Myanmar
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
“ယက္ခမျက်နှာဖုံးဆောင်းပြီး ဆယ်လီစုံထောက်တွေကို လှည့်စားခဲ့တဲ့ ကိုကျော်ထူး”
ပရိသတ်တွေရဲ့ မဲပေးမှုနဲ့ ဆယ်လီစုံထောက်များရဲ့ ရွေးချယ်မှုကြောင့် မျက်နှာဖုံးချွတ်ပြလိုက်ရတဲ့ The Mask Singer ပြိုင်ပွဲကြီးမှ ယက္ခ့မျက်နှာဖုံးရှင်မှ ချွတ်ချခဲ့ရပြီး ပိုင်ရှင်ကတော့ ကိုကျော်ထူး ပဲဖြစ်ပါတယ်။ယက္ခမျက်နှာဖုံးပိုင်ရှင်ကတော့ နိုင်ငံကျော်ဝါရင့်စွယ်စုံရ အနုပညာရှင် ဦးကျော်ဟိန်းရဲ့ “ညမွေးပန်း” သီချင်းသီဆိုခဲ့ပြီး စုံထောက်တွေဖြစ်တဲ့ ရတနာမိုင်က ဗေလုဝ၊ခိုင်သင်းကြည်က အိစီကွေး၊ ထွန်းထွန်းက ဟဲဗီဖြိုး၊ဦးအရိုင်းက ဒေါ်ထားလို့ ခန့်မှန်းခဲ့ပါတယ်။