“အသက် (၇၄)နှစ်တိုင် နုပျိုလှပမှုတွေကို ပိုင်ဆိုင်ထားသေးတဲ့ အန်တီခင်သန်းနု”
celegabar.com
|
2019-12-07

တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးကြီးတစ်လက်ဖြစ်တဲ့ ခင်သန်းနုကိုတော့ ပရိသတ်တွေ သိရှိမယ်ထင်ပါတယ်။ခင်သန်းနုဟာ (၁၉၆၁)ခုနှစ်လောက်ကတည်းက ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့ပြီး မင်းသမီးတစ်ယောက်အနေနဲ့အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ဖို့ ကမ်းလှမ်းခြင်းကိုတောင်ခံခဲ့ရပြီး အနုပညာလောကထဲကို ရောက်ရှိလာတဲ့ သူတစ်ယောက်ပါ။(၁၉၆၇) ခုနှစ်မှာတော့ အေဝမ်း ရုပ်ရှင်မှ ဒါရိုက်တာ အေဝမ်းဦးတင်မောင် ရိုက်ကူး ခဲ့တဲ့ “ကိုယ်ရယ်တိုးရယ် စိုးစိုးရယ်” ရုပ်ရှင်ဇာတ်ကားမှာ ယောက်ျားလျာလေးတစ်ယောက် အသွင် သရုပ်ဆောင်ခဲ့ပြီး ပီပြင်လှတဲ့သရုပ်ဆောင်မှုကြောင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။

ခင်သန်းနုဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပါဝင်ရိုက်ကူးခဲ့ပြီး (၁၉၉ဝ) ပြည့်နှစ်မှာ ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးတဲ့ “ခုနစ်စဉ်အလွမ်း” ရုပ်ရှင်ဇာတ်ကားနဲ့ ဒုတိယအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆုထပ်မံကို ဆွတ်ခူးရရှိခဲ့ပါတယ်။(၂၀၀ဝ) ပြည့်နှစ်မှာတော့ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့ ရိုက်ကူးတဲ့ “သမီးရှင်” ဇာတ်ကားမှာ သမီးများကိုမွေးထားတဲ့ အမေ အဖြစ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်မှုကြောင့် တတိယမြောက် ထူးချွန်ဆုအဖြစ် အမျိုးသမီးဇာတ်ပို့ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။

သုံထပ်ကွမ်းအကယ်ဒမီဆုရှင်ဖြစ်တဲ့ အန်တီခင်သန်းနုဟာ ဒီနေ့မှာတော့ အသက် (၇၄)နှစ်ပြည့်မြောက်သွားပြီပဲဖြစ်ပါတယ်။အသက်အရွယ်အားြင့် (၇၄)နှစ်ပြည့်မြောက်သွားပေမဲ့ အသက်အရွယ်နဲ့ မလိုက်ဖက်အောင်ကို နုပျိုလှပနေပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ အသက်(၇၄)နှစ်ပြည့် မွေးနေ့ပွဲမှာတွေ့ရတဲ့ အန်တီခင်သန်းနုရဲ့ အရွယ်တင်နုပျိုပြီး လှပနေတဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source – Wikipedia
Photo Credit – Myo Min Soe
CleoPaTra – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။

Some text some message..