တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ မျက်နှာခွဲစိတ်ပြုပြင်ခြင်းတွေက ခေတ်ရေစီးကြောင်းတစ်ခုအနေနဲ့ ပျံ့နှံ့လာခဲ့တာပါ။ မျက်နှာခွဲစိတ်ပြုပြင်ခြင်းတွေဟာ ကိုရီးယားနိုင်ငံမှာ စတင်ခေတ်စားခဲ့တာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း ရုပ်ရှင်သရုပ်ဆောင်တွေသာမက တတ်နိုင်သူတချို့ပါ ပြုလုပ်လာကြတာဖြစ်ပါတယ်။
အနုပညာရှင်တစ်ယောက်အတွက် ပရိသတ်တွေရဲ့မျက်လုံးထဲမှာ အမြဲတစေနုပျိုလှပနေဖို့က အရေးကြီးတာမို့ မျက်နှာပြုပြင်ခြင်းတွေကို အဓိကအားဖြင့် ပြုလုပ်ကြသူတွေထဲမှာ အနုပညာရှင်တွေက အဓိကအစိတ်အပိုင်းအနေနဲ့ ပါဝင်လာကြတာပါ။ လတ်တလော မျက်နှာပြုပြင်ထားကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေကတော့ မို့မို့မြင့်အောင်နဲ့ ထွန်းအိန္ဒြာဗိုလ်တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးကတော့ အလှအပပြုပြင်မှုထိပ်တန်းနိုင်ငံဖြစ်တဲ့ ကိုရီးယားနိုင်ငံမှာ သွားရောက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မျက်ရစ်ခွဲခြင်း၊ မျက်နှာအသားအရည်ပြုပြင်ခြင်း၊ အဆီအစားထိုးခြင်းတို့ကို ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အကြီးစားခွဲစိတ်မှုမျိုးကိုတော့ မလုပ်ခဲ့ကြပါဘူး။ မျက်နှာပြုပြင်မှုရဲ့ရလဒ်ကိုတော့ ခြောက်လအကြာမှ တွေ့မြင်ရမှာဖြစ်ပြီး လက်ရှိအချိန်မှာ မို့မို့မြင့်အောင်ကတော့ (၂)လကျော်ကြာမြင့်နေပြီဖြစ်ပြီး ထွန်းအိန္ဒြာဗိုလ်ကတော့(၁)လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးကတော့ မေးစေ့ကမှဲ့လေးတွေနဲ့ ပရိသတ်ရဲ့အချစ်တွေကို သိမ်းပိုက်ထားသူတွေဖြစ်ပြီး ထူးခြားမှုတစ်ခုအနေနဲ့ မျက်နှာပြုပြင်ပြီးနောက်မှာ ရုပ်ချင်းဆင်သွားတယ်လို့ ထင်ရတာဖြစ်တာမို့ မျက်နှာပြုပြင်ပြီးပုံရိပ်အချို့ကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။
Source – Academy Moh Moh Myint Aung, Htun Aeindra Bo
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်
“မျက်နှာပြုပြင်ပြောင်းလဲပြီးနောက် ရုပ်ချင်းဆင်သွားတဲ့ ပြည်သူချစ်အနုပညာရှင်နှစ်ဦး”