သူမနဲ့ချွတ်စွပ်တူပြီးသဘောဖြူမနောဖြူတဲ့အညာသူအမွှာညီမလေးကို ပြန်တွေ့လို့အရမ်းဝမ်းသာနေတဲ့ လင်းလင်း
myanmarload.com
|
2019-12-12
အနုပညာရှင်စစ်စစ်တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ မိတ်ကပ်ပညာရှင်လင်းလင်းကတော့ သူမရဲ့နယ်ပယ်မှာအောင်မြင်မှုတွေနဲ့ရပ်တည်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။လင်းလင်းက မကြီးစန်း မထက် ညီညီမောင်တို့နဲ့အရမ်းအတွဲညီပြီး အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုတောင် အတူတူရိုက်ကူးလာတာဖြစ်ပါတယ်။
လင်းလင်းတို့ပထမဦးဆုံးသရုပ်ဆောင်ထားတဲ့ "ကျားကျားကြိုက်ကြိုက်"ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးဝန်းရံမှုတွေကိုရရှိထားပြီး သူမတို့ရဲ့ချစ်စရာအိုင်တင်လေးတွေကိုကြိုက်နှစ်သက်ကြပါတယ်။အခုတစ်ခါမှာလည်း ပရိသတ်တွေမြင်ဖူးနေကျပုံစံနဲ့လုံးဝကွဲထွက်ပြီး အပြင်အဆင်တွေကအစသေသေချာချာလေးပြင်ဆင်ကာ ရုပ်ရှင်ရိုက်ကူးနေကြတာဖြစ်ပါတယ်။
လင်းလင်းရဲ့ဇာတ်ရုပ်ပုံစံလေးဟာဆိုရင် သဘောဖြူမနောဖြူတဲ့အညာသူလေးအသွင်ကိုဆောင်ပြီး အရမ်းချစ်စရာကောင်းနေတာဖြစ်ပါတယ်။လင်းလင်းကတော့ သူမရဲ့ဇာတ်ရုပ်ပုံစံလေးကို"ဒို့တောသူများ စိတ်ထားကောင်းလို့ခင်တတ်မင်တတ်ဖော်ရွေတတ်ပါတယ် ရုပ်လေးကမလှဘူးနော် စိတ်ထားလေးကတော့ဖြူစင်ပါတယ် ချစ်ကြအုံးမလားရှင့်လင်းရဲ့ အမွှာညီမလေးအခုမှပြန်တွေ့လို့ပါ"ဆိုပြီးပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။
#ဇာတ်ရုပ်
#စိတ်ထား
#အညာသူ
#ကျား
#ပရိသတ်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်