လက်အပူလောင်သွားလို့ ငိုနေတဲ့သမီးငယ်လေးဇေရတီလှိုင်ကို ဂရုတစိုက်နဲ့ချော့မြူနေတဲ့နန္ဒာလှိုင်
myanmarload.com
|
2019-12-12



ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမင်းသမီးချော နန္ဒာလှိုင်ကတော့ ပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင် အောင်မြင်ကျော်ကြားလာခဲ့တာ တစ်ခေတ်တစ်ချိန်ကတည်းက ဖြစ်ပါတယ်။ ဇာတ်ရုပ်နဲ့ပတ်သက်ရင် အပိုအလိုမရှိဘဲ အကောင်းဆုံးဖြစ်အောင်ဖန်တီးပြနိုင်စွမ်းရှိတဲ့ နန္ဒာလှိုင်က အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန္ဒာလှိုင်က အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီပဲ ဖြစ်ပါတယ်။






နန္ဒာလှိုင်က ခင်ပွန်းဖြစ်သူဇေသီဟနဲ့အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက် ထွန်းကားခဲ့တာ ဖြစ်ပါတယ်။ ကလေးသုံးယောက်မိခင်ဖြစ်တဲ့ နန္ဒာလှိုင်ကတော့ အခုချိန်အထိ ငယ်ရွယ်နုပျိုပြီး အရွယ်တင်ကာ ချောမောလှပနေဆဲဖြစ်ပါတယ်။ သမီးလေးတွေနဲ့ပတ်သက်ရင် အစစအရာရာဂရုစိုက်တတ်တဲ့ နန္ဒာလှိုင်က အခုလည်း အပူလောင်သွားလို့ ငိုယိုနေတဲ့သမီးလေးကို ချော့မြူနေတာပဲ ဖြစ်ပါတယ်။






လက်ကိုအပူလောင်သွားလို့ အားရပါးရငိုနေတဲ့ သမီးလတ်လေး ဇေရတီလှိုင်ကို မေမေနန္ဒာလှိုင်က သေသေချာချာ ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ်။ ချစ်ရတဲ့သမီးလေးကို ချော့မြူရင်းဂရုစိုက်ပေးနေတဲ့ နန္ဒာလှိုင်ရဲ့အမူအရာလေးတွေကလည်း မိခင်မေတ္တာပြည့်ဝနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ နန္ဒာလှိုင်တို့သားအမိရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။







Some text some message..