” အကဲပိုကာအေးလွန်းတဲ့ ဆောင်းရာသီနဲ့ လိုက်ဖက်လွန်းတဲ့ အားတီရဲ့ အချစ်သီချင်းသစ်လေး”
celegabar.com
|
2019-12-12

နိုင်ငံကျော် အဆိုတော် အားတီရဲ့ အကဲပိုကာအေးလွန်းတဲ့ ဒီနှစ်ဆောင်းရာသီလေးနဲ့ လိုက်ဖက်လွန်းတဲ့ အချစ်သီချင်းသစ်လေးရဲ့ MTV ကတော့ ဒီဇင်ဘာလ(၁၂)ရက်နေ့ဖြစ်တဲ့ ယနေ့မနက်မှာ ထွက်ရှိလာပြီလည်းဖြစ်ပါတယ်။“ဆောင်းနေ” ဆိုတဲ့ အချစ်သီချင်းလေးကို အရမ်းလှတဲ့ ပင်းတယက မဲနယ်တောင် မှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါနဲ့ မင်းသားချော နေလင်းရှိန်တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

အဆိုတော်အားတီကတော့ R&Bနဲ့Pop သီချင်းတွေကို မြူးမြူးကြွကြွသီဆိုလေ့ရှိပြီး သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုတတ်သူတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးရရှိနေသူတစ်ယောက်ပါ။ AR-Tရဲ့ သီချင်းတွေက ပရိသတ်တွေရဲ့ရင်ကို ထိစေခဲ့တာကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတာလို့လည်း ဆိုနိုင်ပါတယ်။ယနေ့မှာ ထွက်ရှိလာတဲ့ ဆောင်းရာသီအချစ်သီချင်းဖြစ်တဲ့ “ဆောင်းနေ” သီချင်းလေးဟာတော့ ပရိသတ်တွေကို ရိုးရှင်းလွန်းတဲ့သံစဉ်လေးတွေ လေးနက်တဲ့စသားလေးတွေနဲ့အတူ ဖမ်းစားလိုက်ပြန်ပါပြီ။ဒီသီချင်းလေးကတော့ အအေးပိုတဲ့ ဆောင်းရာသီနေ့တစ်နေ့လေးမှာ ချစ်သူလေးနဲ့ အတူ ရှိနေရတာ ဘယ်လောက်နွေးထွေးလည်းဆိုတာကို ဖွဲ့သီထားတာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးလည်း အကဲပိုကာအေးလွန်းတဲ့ ဒီနှစ်ဆောင်းရာသီလေးမှာ အပိုအလိုမရှိ နားဆင်ခံစားလို့ကောင်းတဲ့ အဆိုတော်အားတီရဲ့ “ဆောင်းနေ” ဆိုတဲ့ ဆောင်းရာသီအချစ်သီချင်းလေးကို ခံစားနားဆင်ကြည့်ကြပါဦးနော်။

Source: AR-T
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

Some text some message..