စာရေးဆရာမဂျူးဟာ မြန်မာနိုင်ငံမှာတော့ နာမည်ကြီးစာရေးဆရာတွေထဲကတစ်ယောက်ဖြစ်ပါတယ်။အများနဲ့မတူတဲ့ အတွးအခေါ်တွေ မိန်းကလေးတွေဘက်ကကိုယ်ချင်းစာရေးသားထားတဲ့ စာတွေကြောင့် ဝေဖန်ခံရသလို အများစုကနှစ်သက်သဘောကျလက်ခံကြပါတယ်။ဂျူးဟာ ဆောင်းပါး၊ဝတ္ထုတို၊ကဗျာနဲ့ လုံးချင်းဝတ္ထုများစွာကို ရေးသားခဲ့တာပါ။
အထူးသဖြင့် ဂျူးရဲ့အမှတ်တရဝတ္ထုဟာဆိုရင် အင်မတန်မှဝေဖန်ခံရသလို လူသိလည်းများခဲ့ပါတယ်။စာပေအရေးအသားထူးခြားကောင်းမွန်မှုကြောင့် ဂျူးရဲ့ဝတ္ထုများမှဇာတ်ကောင်များဟာ ပရိသတ်ကိုအတော်လေးလွှမ်းမိုးနိုင်ခဲ့ပါတယ်။ဆရာမရဲ့စာအုပ်ပေါင်းများစွာထဲကကြာတော့သည်လည်း မောင့်စကား၊ ကြေမွသွားသော တိမ်တိုက်များ အကြောင်း၊ ပင်လယ်နှင့်တူသော မိန်းမများ၊ မရှိမဖြစ်မိုး၊ မြစ်တို့၏ မာယာ စတာတွေကရိုက်ကူးခဲ့ရသလို လရောင်အောက်ဘက်မိုင်အဝေးမှာကိုလည်း ဒါရိုက်တာ ထူးပိုင်ဇော်ဦးကရိုက်ကူးနေတာလည်းဖြစ်ပါတယ်။
အခုဆိုရင် ဆရာမရဲ့ သူမင်းကိုဘယ်တော့မှ ဆိုတဲ့စာအုပ်ကိုလည်း ရုပ်ရှင်ရိုက်ကူးတော့မှာပါ။အဲ့ဒီအကြောင်းကိုတော့ ဝေမင်းမောင်ကသူ့ရဲ့ဖေ့ဘွတ်ခ်မှာတင်ထားတာပါ။ပရိသတ်တွေကတော့ အရမ်းသဘောကျခဲ့တဲ့စာအုပ်တစ်အုပ်ဖြစ်တာကြောင့် ရုပ်ရှင်အနေနဲ့ကောင်းမွန်စွာထွက်ရှိလာဖို့မျှော်လင့်နေကြတာပါ။
Source : WaiMinMaung
Moe – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
ရုပ်ရှင်အဖြစ်အသက်သွင်းတော့မယ့် စာရေးဆရာမဂျူးရဲ့”သူမင်းကိုဘယ်တော့မှ”ဝတ္ထု
စာရေးဆရာမဂျူးဟာ မြန်မာနိုင်ငံမှာတော့ နာမည်ကြီးစာရေးဆရာတွေထဲကတစ်ယောက်ဖြစ်ပါတယ်။အများနဲ့မတူတဲ့ အတွးအခေါ်တွေ မိန်းကလေးတွေဘက်ကကိုယ်ချင်းစာရေးသားထားတဲ့ စာတွေကြောင့် ဝေဖန်ခံရသလို အများစုကနှစ်သက်သဘောကျလက်ခံကြပါတယ်။ဂျူးဟာ ဆောင်းပါး၊ဝတ္ထုတို၊ကဗျာနဲ့ လုံးချင်းဝတ္ထုများစွာကို ရေးသားခဲ့တာပါ။
အထူးသဖြင့် ဂျူးရဲ့အမှတ်တရဝတ္ထုဟာဆိုရင် အင်မတန်မှဝေဖန်ခံရသလို လူသိလည်းများခဲ့ပါတယ်။စာပေအရေးအသားထူးခြားကောင်းမွန်မှုကြောင့် ဂျူးရဲ့ဝတ္ထုများမှဇာတ်ကောင်များဟာ ပရိသတ်ကိုအတော်လေးလွှမ်းမိုးနိုင်ခဲ့ပါတယ်။ဆရာမရဲ့စာအုပ်ပေါင်းများစွာထဲက
ကြာတော့သည်လည်း မောင့်စကား၊ ကြေမွသွားသော တိမ်တိုက်များ အကြောင်း၊ ပင်လယ်နှင့်တူသော မိန်းမများ၊ မရှိမဖြစ်မိုး၊ မြစ်တို့၏ မာယာ စတာတွေကရိုက်ကူးခဲ့ရသလို လရောင်အောက်ဘက်မိုင်အဝေးမှာကိုလည်း ဒါရိုက်တာ ထူးပိုင်ဇော်ဦးကရိုက်ကူးနေတာလည်းဖြစ်ပါတယ်။