“အဓိက သရုပ်ဆောင်တစ်ယောက် အနေနဲ့ အသိအမှတ်ပြုခြင်းကိုခံလိုက်ရပြီဖြစ်တဲ့ တိုင်ရွန်”
celegabar.com
|
2019-12-13

သရုပ်ဆောင်မင်းသားချောလေး တိုင်ရွန်ကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို ပိုမိုလုပ်ကိုင်နေတာကို တွေ့ရပါတယ်။MRTV-4ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာပါ။

လက်ရှိမှာလည်း တိုင်ရွန်ဟာ “တစစ်တမက်ကိုယ်နှင့်သက်ကို” ဆိုတဲ့ ဇာတ်ကားကြီးမှာ တိုက်ပွဲသတင်းထောက် မောင်ဖေခင်အဖြစ် ပါဝင်သရုပ်ဆောင် ရိုက်ကူးနေကာ ဒီဇာတ်ကားကြီးမှာတော့ ခေါင်းဆောင် မင်းသားအနေနဲ့ ပါဝင်ထားတာဖြစ်ပြီး နိုင်ငံအကျိုးပြုဇာတ်ကားတစ်ကားဖြစ်တယ်လို့လည်း သိရှိရပါတယ်။ဒီဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ပါဝင်ရိုက်ကူးခဲ့ပြီးနောက်မှာတော့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကပေးအပ်တဲ့ အစည်းအရုံးဝင်ကဒ်မှာ အဓိကသရုပ်ဆောင်တစ်ယောက်အနေနဲ့ အသိအမှတ်ပြုခံခဲ့ရတာပါ။

တိုင်ရွန်ဟာ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားလုပ်ကိုင်နေတာကြောင့်လည်း အခုလိုအချိန်တိုတိုအတွင်းမှာ ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတောင် ပါဝင်ခွင့်ရရှိလာပြီး အရှိန်အဟုန်နဲ့ကို အောင်မြင်မှုတွေရရှိလာတဲ့ သူပါ။CeleGabar ပရိသတ်ကြီးရေ အဓိကသရုပ်ဆောင်တစ်ယောက်အနေနဲ့ အသိအမှတ်အပြုခံလိုက်ရပြီဖြစ်တဲ့ တိုင်ရွန်အတွက် ဂုဏ်ပြုစကားလေးတွေပြောသွားပေးပါဦး။

Source – Tyron Bejay
CleoPaTra – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။

Some text some message..