မင်းသမီးချောလေးဆောင်းဝတ်ရည်မေကတော့ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ပရိသတ်တွေကတော့ ချစ်စနိုးနဲ့တုတုလို့ခေါ်ကြတာလည်းဖြစ်ပါတယ်။တုတုကို ဝိညာဉ်ရှိုက်သံ ဇာတ်လမ်းတွဲမှာ ပရိသတ်တွေစတင်ပြီးတော့ သတိထားမိခဲ့တာပါ။
ဒါ့အပြင် ဝင်္ကပါစံအိမ်၊မာန်၊အမုန်းမှသည် နဲ့ ချစ်ခြင်းတရားတို့ရှိရာ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပိုမိုလူသိများကာ ပရိသတ်အားပေးမှုအခိုင်မာရရှိခဲ့တာပဲဖြစ်ပါတယ်။အချစ်ဆစ်ဂနယ်ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာလည်းပရိသတ်တွေရဲ့အချစ်ကိုရရှိထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ ရုပ်သံဇာတ်လမ်းတွဲအသစ်နဲ့အတူပရိသတ်တွေဆီပြန်လာတော့မှာလည်းဖြစ်ပါတယ်။
ဇာတ်လမ်းတွဲအသစ်ရဲ့နာမည်ကတော့ ဧဒင် Challenge ဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲထဲမှာတော့ ဆောင်းဝတ်ရည်မေနဲ့အတူ အကယ်ဒမီရဲအောင်၊သွန်းသစ္စာဇော်၊ရှင်မွေလ၊နေလင်းရှိန်၊ဆက်ယွန်းတွယ်တာတို့လည်းပါဝင်မှာပါ။ဒီဇာတ်လမ်းတွဲကြီးမှာ အကောင်းဆုံးပါဝင်သွားမယ်အကောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။
Source : HsaungWutyeemay
Moe – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်
အသစ်ထွက်ရှိလာမယ့် ဧဒင် Challenge ဇာတ်လမ်းတွဲမှာ အကောင်းဆုံးကြိုးစားသွားမယ်လို့ပရိသတ်ကို ကတိပေးလိုက်တဲ့ ဆောင်းဝတ်ရည်မေ