“အသက်(၅)နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်အချစ်တော် ဈေးသည်မလေး ကိကိ”
celegabar.com
|
2019-12-13

မိခင်ဖြစ်သူနဲ့ ဈေးရောင်းတိုင်းဆော့ကစားတဲ့ ဗီဒီယိုဖိုင်လေးကနေတစ်ဆင့် စကားတတ်လှပြီး ချစ်စရာကောင်းလှတာကြောင့် လူမှုကွန်ရက်စာမျက်နှာထက်မှာ နာမည်ကြီးပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်ကြတဲ့ ဈေးသည်မလေး ကိကိကိုတော့ ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ ဒီနေ့ဒီဇင်ဘာလ (၁၃)ရက်နေ့လေးကတော့ ပရိသတ်အချစ်တော် ကိကိလေးရဲ့ (၅)နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

အသက်(၅)နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်လေးမှာတော့ ကိကိလေးဟာ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ အလှူငွေတွေလှူဒါန်းခဲ့ပြီး တခြားသောအလှူအတန်းတွေကိုလည်း ပြုလုပ်ကာ သူငယ်ချင်းတွေနဲ့လည်း မွေးနေ့လေးပြုလုပ်ကျင်းပခဲ့ပါသေးတယ်။ကိကိလေးဟာဆိုရင် အရွယ်နဲ့ မလိုက်အောင်ချစ်စရာကောင်းပြီး စကားတတ်လှတာကြောင့် ပရိသတ်တွေကသည်းသည်းလှုပ်ချစ်ခင်အားပေးကြတာလည်း ဖြစ်ပါတယ်။

ပရိသတ်တော်တော်များများကတော့ ကိကိလေးရဲ့ “အမကလည်း နော်” ဆိုတဲ့ စကားလေးကို တော်တော်လေးသဘောကျ နှစ်သက်နေကြပြီး လိုက်လံပြောဆိုနေကြတာတွေကိုတောင်တွေ့မြင်နေရပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ပရိသတ်သတ်အချစ်တော်ဖြစ်တဲ့ ကိကိလေးရဲ့ မွေးနေ့လေးအတွက်ကို မွေးနေ့ဆုတောင်းစကားလေးတွေပြောသွားပေးပါဦးနော်။

Source – Ki Ki
CleoPaTra – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။

Some text some message..