ပရိသတ်အမှတ်အနည်းဆုံး ယောကီး ပြိုင်ပွဲမှ နှုတ်ဆက် ထွက်ခွာ
mmtimes.com
|
2019-12-14



ဓာတ်ပုံ- နဒီ

ပရိသတ်အမှတ်အနည်းဆုံး ယောကီး ပြိုင်ပွဲမှ နှုတ်ဆက် ထွက်ခွာ

Myanmar Idol Season 4 Top 5 (Result Show) ကို ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက ရန်ကုန်မြို့ ၊ ရွှေထွဋ်တင်ကွင်း၌ ကျင်းပခဲ့ရာ ပရိသတ်အမှတ်အနည်းဆုံးဖြစ်သည့် Yaw Kee( ယောကီး) ပြိုင်ပွဲမှ နှုတ်ဆက် ထွက်ခွာခဲ့ရသည်။

"ကျွန်တော် ဒီပြိုင်ပွဲတစ်ခုကနေ ထွက်သွားပြီးပေါ့။ဒီပြိုင်ပွဲကလည်း Voting စနစ်နဲ့ သွားတာ ဖြစ်တဲ့ အတွက် အမှတ်အနည်းဆုံးဖြစ်သူက ပြိုင်ပွဲက ထွက်ရတာဖြစ်တယ်။ ဒီအဆင့်ထိရောက်အောင် ဆွဲခေါ်ပေးလို့လည်း အားလုံးကိုမမေ့ပါဘူး။Vote ပေးတဲ့သူတွေကို ပြောချင်တာက နောင်တချိန်မှာ အောင်မြင်တဲ့ အနုပညာရှင်ဖြစ်အောင် ကြိုးစားပါမယ်လို့ ပြောချင်ပါတယ်။ဒီ လမ်းကြောင်း ပေါ်ဆွဲတင်လာသူတွေကို ကျေးဇူးတင်ပါတယ်။ပြိုင်ပွဲ တစ်လျှောက်မှာ ကိုယ့်မကြိုက်လို့လည်း ဆဲကြတယ်။စိတ်ထဲမှာလည်း မထားပါဘူး။ ကျွန်တော်က Comment ပေးတဲ့သူတွေ အကုန်လုံးကို လိုက်ဖတ်ပြီး တော့ ပြောတဲ့ နာမည်တွေကိုလိုက်မှတ်ထားတယ်။ တချိန်သူတို့နဲ့ ပြန်ခင်လောက်လုပ်မယ်လို့ စဉ်းစားထားပါ တယ်။ ပြိုင်ပွဲတစ်ခုဖြစ်လို့ အနိုင်နဲ့ အရှုံးဆိုတာ ရှိနိုင်တယ်" ဟု Yaw Keeက ပြောသည်။

လာမည့် ဒီဇင်ဘာ ၂၀ ရက်တွင် Performance Show ကို Top 4 က မြန်မာရုပ်ရှင်နှစ် ၁၀၀ နေ့ဂုဏ်ပြုသည့်အနေဖြင့် မြန်မာရုပ်ရှင် ဇာတ်ဝင်တေးများ အပြင် နောက် ထပ်တေးသီချင်း တစ်ပုဒ်ဖြင့် ယှဉ် ပြိုင် ရမည် ဖြစ်သည်။ ပြိုင်ပွဲဝင် တစ်ဦးလျှင် သီချင်းတစ်ပုဒ် သီဆိုရမည်ဖြစ်ပြီး သောကြာနေ့မှ စနေ့နေ ညနေပိုင်း အထိ ပြိုင်ပွဲမှ ထွက်ခွာခဲ့သည့် ခြူးစစ်ဟန် ၊ နေလင်းကျော်၊ နှင်းအိအိဝင်း၊ တန်ခွန်ကျော် ၊ ထက်အဥ္ဇလီ ၊ နော်စေးစေးထူး နှင့် ယောကီးတို့အား မိမိကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်ကို Wildcard ဖြင့် ခေါ် ယူ သီဆိုခွင့်ရမည်ဖြစ်သည်။

၎င်းပြိုင်ပွဲ နောက်ဆုံး final ကို ဒီဇင်ဘာ ၂၈ ရက်ပြုလုပ်မည်ဖြစ်ပြီး winner ဆုရှင်သည် ဆုကြေးငွေ ကျပ်သိန်းရ၀၀ နှင့် Solo Album တစ်ခွေ၊ City life မှ တိုက်ခန်းတစ်ခန်းရရှိမည်ဖြစ်သည်။




Some text some message..