“သီးမွှေးလေးကြောင့် အံ့သြပျော်ရွှင်ခဲ့ရလားဆိုတဲ့ ပိုပိုဟေသာ”
celegabar.com
|
2019-12-14

ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးမှုကိုရရှိထားတဲ့ “The Mask Singer Myanmar” ပွဲကြီးဟာ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ထုတ်လွှင့်ခဲ့တဲ့ အပိုင်းမှာဆိုရင် မျက်နှာဖုံးပိုင်ရှင်(၂)ဦးမှ ချွတ်ပြခဲ့ရတာဖြစ်ပါတယ်။ သီမွှေးနဲ့ဖိုးဝမျက်နှာဖုံးပိုင်ရှင်တွေကတော့ ချွတ်ပြခဲ့ရတာဖြစ်ပြီး ဖိုးဝကတော့ သရုပ်ဆောင် မင်းသားချော အောင်ရဲထိုက်ဖြစ်နေခဲ့ကာ သီးမွှေးလေးကတော့ အဆိုတော် ပိုပိုဟေသာ ဖြစ်နေခဲ့ပါတယ်။

သီမွှေး မျက်နှာဖုံးပိုင်ရှင် အဆိုတော်မလေး ပိုပိုဟေသာကတော့ “သွေးကြောထဲက စွမ်းအင်များ ကိုကိုဖန်ဆင်းပေးထားလား??? The Mask Singer Myanmarကို ကြည့်ရှုအားပေးရင်းနဲ့ သီးမွှေးလေး ကြောင့် အားလုံးပဲ ပျော်ရွှင်ကြပါစေ နောက်နေ့တွေမှာလည်း ဘယ်မျက်နှာဖုံးရှင်တွေကို သိရမလဲဆိုတာ အရမ်းစိတ်လှုပ်ရှားနေမိပါပီ ချစ်တဲ့စိတ်ဖြင့်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။သူကတော့ တေးရေးဆရာ ဇဝါရဲ့ သမီးဖြစ်ပြီး အသံချိုချိုအေးအေးလေးနဲ့ သီဆိုထားတဲ့ “ချစ်တဲ့စိတ်ဆိုတာ” ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်ကြားမှာ ရေပန်းစား အောင်မြင်ခဲ့သူလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ သီမွှေးမျက်နှာဖုံးပိုင်ရှင် အဆိုတော်မလေး ပိုပိုဟေသာကတော့ “The Mask Singer Myanmar” ပွဲကြီးမှာ “နီးခြင်း ဝေးခြင်း ပညတ်များ” ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

Source: Po Po Heather ပိုပိုဟေသာ
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

Some text some message..