လူမင်းဆီကနေအလိုချင်ဆုံးသောလက်ဆောင်လေးရလို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ ခင်လှိုင်
popolay.com
|
2018-09-24
လူရွှင်တော်တစ်ဖြစ်လဲ သရုပ်ဆောင်ခင်လှိုင်ကတော့ ပြောင်မြောက်လှတဲ့ ပျက်လုံးတွေနဲ့ပရိသတ်တွေရဲ့ ရင်ထဲကိုဝင်ရောက်နေရာယူထားသူဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလဲ ကျရာဇာတ်တိုင်းကိုအပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ စွယ်စုံရအနုပညာရှင်တစ်ယောက်လို့ပြောရလောက်တဲ့ ခင်လှိုင်က ယနေ့လေးမှာတော့ သူသဘောကျပြီးအလိုချင်ဆုံးဖြစ်နေတဲ့ လက်ဆောင်လေးတစ်ခုကိုအန်ကယ်လေးလို့ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် လူမင်းဆီကနေ ရရှိခဲ့လို့အတိုင်းမသိပျော်ရွှင်နေတာကို တွေ့ရပါတယ်။
သူအရမ်းကြွေမိတဲ့လက်ဆောင်လေးရရှိခဲ့ကြောင်းကို “အန်ကယ်လေးရဲ့ကျွန်တော့်အတွက်လက်ဆောင်ပါ… ဒီနားကပ်လေးကိုအန်ကယ်လေးပန်ထားထဲကကြိတ်ကြွေနေခဲ့တာ… ကျွန်တော်
သဘောကြမှန်းသိလို့အန်ကယ်လေးနဲ့ခင်စံပယ်ဦးတို့ဇနီးမောင်နှံကအသစ်မှာပြီးလက်ဆောင်ပေးတာပါကျေးဇူးအများကြီးတင်ပါတယ်အန်ကယ်လေးရေ” ဆိုကာ သူလိုချင်နေတဲ့ နားကပ်လေးကိုလက်ဆောင်ပေးလို့ လူမင်းတို့ဇနီးမောင်နှံနှစ်ယောက်လုံးကို ကျေးဇူးတင်စကားဆိုကာအရမ်းတွေပျော်ရွှင်စွာနဲ့ ရေးသားထားတာဖြစ်ပါတယ်။ ဦးခင်လှိုင်တစ်ယောက် သူအရမ်းသဘောကျတဲ့ Versace နားကပ်ကြီးနဲ့ ဂေါ်နေတော့မှာအမှန်ပါပဲနော်...
သားအငယ်ရဲ့မွေးနေ့ရက်မြတ်မှာ ပျော်ရွှင်နေတဲ့ ခင်လှိုင်တစ်ယောက် လူမင်းပေးတဲ့ လက်ဆောင်ကြောင့်ပါအပျော်တွေဆင့်ကာ ပျော်မဆုံးနိုင်ဖြစ်လို့နေပါတယ်။ ပရိသတ်ကြီးကလဲ ဦးခင်လှိုင်အတွက် ဝမ်းသာပီတိဖြစ်မိမယ် ထင်ပါတယ်နော်....
#လက်ဆောင်
#ခင်လှိုင်
#လူမင်း
#နားကပ်
#သရုပ်ဆောင်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်