ပြီးခဲ့တဲ့ တစ်ပတ် မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်က တေးရေးဝေကြီးရေးသားထားပြီး အဆိုတော်ကော်နီသီဆိုထားတဲ့ “ဆေး”သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။သီချင်းကို ရေးစပ်ထားတဲ့ တေးရေးဆရာ ဝေကြီးကတော့ “ဆေး”သီချင်းကို ပြန်လည်သီဆိုကြတဲ့ အပေါ်ကိုတော့ “ဆေး” သီချင်းကိုတော့ဒီတစ်သက် မကော်ရဲ့အသံကို ဘယ်သူမှကျော်နိုင်မှာမဟုတ်ဘူး။ ဘယ်သူမှမယှဉ်နိုင်ဘူး။လို့ သူ့ရဲ့ အမြင်လေးကိုပြောပြခဲ့ပါသေးတယ်။
ဒီသီချင်းရဲ့ မူရင်းအဆိုရှင်ဖြစ်တဲ့ ကော်နီကတော့ “မကော်ကတော့ ကလေးတွေ ပြန်ပြန်ဆိုတဲ့ အတွက် မကော်တို့ကို Update လုပ်ပေးနေသလိုပဲ။ ဟိုတစ်နေ့ကကျတော့ ကလေးက မိန်းကလေး သီချင်းကို ယောက်ျားလေးဆိုရတဲ့ အတွက် သူ့အတွက်လည်း အခက်အခဲရှိတယ်။ သူတို့အတွက်ကကျတော့ မကော်တို့ထက် တီထွင်ကြံဆနိုင်တာတွေရှိတော့ ပိုပြီးတော့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ခံစားမှုအားကျတော့ ကလေးတွေဖြစ်နေတာပေါ့” ဆိုပြီး ပြောကြားခဲ့ပါတယ်။
တေးရေး ဝေကြီးရဲ့ ဆေးသီချင်းမှာ မကော်ရဲ့အသံကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ ပြောတဲ့အပေါ်ကိုလည်း ကော်နီက “သူပြောချင်တာက မကော်ဆိုထားတာကို ခံစားသက်ဝင်မှုအားကောင်းတာကိုပြောချင်တာ ဖွဲ့နွဲ့ပြီးမပြောတတ်တော့ အဆင်ပြေသလို နှုတ်ကထွက်သွားတဲ့ စကားပေါ့။သူကဒီသီချင်းလေးကို မကော်ဆိုတာကို သူကအရမ်းကြိုက်နေတဲ့ အခါကျတော့ လူတိုင်းမှာခံစားနိုင်ခွင့်ပြောနိုင်ခွင့်ရှိပါတယ်။ခံစားချက်ခြင်းမတူဘူးလေ။ မကော်တို့အရွယ်အနေနဲ့တော့ အတွေ့အကြုံတွေအများကြီးရှိတော့ ခံစားသက်ဝင်မှုကောင်းတယ်လေ။ ဒီကလေးတွေအများကြီးငယ်သေးတယ်။သူတို့ကို အများကြီးမဝေဖန်စေချင်ဘူး။”လို့ပြောထားပါသေးတယ်။CeleGabar ပရိသတ်ကြီးတွေရော ဘင်ဂျမင်ရဲ့ ဆေး သီချင်းသီဆိုမှုကို ဘယ်လိုမြင်လဲ။
Source – Exclusive On CeleGabar
Chilli – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။
“ဘင်ဂျမင်ရဲ့ ဆေးသီချင်းသီဆိုမှုအပေါ် အများကြီးမဝေဖန်စေချင်ဘူးဆိုတဲ့ ကော်နီ”