“မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းကိုရရှိဦးမယ့် မြန်မာယောက်ျားလေးအဆိုတော်အဖွဲ့အသစ် ALFA”
celegabar.com
|
2019-12-17

မိန်းကလေးပရိသတ်တွေ အားပေးမှုများပြားလာဦးမယ့် ယောကျာ်းလေးအဖွဲ့တစ်ခုကတော့ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အဲ့ဒါကတော့ကိုရီးယား K-Pop အဖွဲ့တွေလိုမျိုး အဆို၊အကအရည်အချင်းအပြည့်နဲ့လူငယ်တွေပါဝင်တဲ့ ALFA လို့ခေါ်တဲ့အဖွဲ့လေးပဲဖြစ်ပါတယ်။ ဒီအဖွဲ့လေးကိုတော့ ယောက်ျားလေး (၇)ယောက်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး JBJ Entertainment ရဲ့လက်အောက်မှာ (၂)နှစ်တိုင်တိုင် အဆို၊အက အစစအရာရာသေချာလေ့ကျင့်ခဲ့ရတာဖြစ်ပါတယ်။

ALFA အဖွဲ့ထဲမှာတော့ မင်းခန့်၊ဘိုဘို၊ Kira၊ Jay၊ တည်တံ့၊ Kinice၊ Adam တို့နဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Adam ကတော့ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ Galaxy Star မှဖြစ်ပြီး ကျန်တဲ့အဖွဲ့ဝင်(၆)ယောက်ကတော့ Chase your dream season 1,2 ကနေ ရွေးချယ်ခံထားရတာဖြစ်ပါတယ်။ အဖွဲ့ဝင်တိုင်းကတော့ အသံပိုင်းနဲ့အကပိုင်း မတူညီတဲ့တာဝန်တွေကိုယူထားရတဲ့အပြင် ကိုယ်မကျွမ်းကျင်တဲ့အပိုင်းကိုလည်း အားစိုက်ပြီးလေ့ကျင့်ခဲ့ရတာပါ။ (၂)နှစ်ကြာအချိန်ယူလေ့ကျင့်ခဲ့ပြီးနောက် ဒီဇင်ဘာ(၁၂) ရက်နေ့မှာတော့ Junction City မှာ ပရိသတ်တွေကို ပွဲဦးထွက်မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူတို့အဖွဲ့ရဲ့ပထမဆုံးသီချင်းတစ်ပုဒ်အနေနဲ့ ‘One N Only’ သီချင်းကိုထွက်ရှိထားပြီး ကိုရီးယားဒါရိုက်တာကိုယ်တိုင်ရိုက်ကူးထားတာမို့ အလန်းစားစက်တင်အပြင်အဆင်တွေနဲ့ အမိုက်စားသီချင်းကိုတွေ့မြင်ရမှာပါ။ JBJ entertainment ရဲ့လက်အောက်မှာ အစားအသောက်၊အနေအထိုင်၊အသံပိုင်း၊အကပိုင်း စစ်ဆေးမှုတွေများစွာနဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တာမို့ အောင်မြင်တဲ့လူငယ်အဖွဲ့တစ်ခုဖြစ်လာမှာတော့ အသေအချာပါပဲနော်။ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း သူတို့အဖွဲ့ရဲ့ပထမဆုံးထွက်ရှိထားတဲ့ အမိုက်စားတင်ဆက်မှုတွေနဲ့သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source – ALFA
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Some text some message..