သီချင်းအသစ်နှစ်ပုဒ်ကို ထူးခြားအံ့သြလောက်အောင် ပရိသတ်တွေကြိုက်နှစ်သက်ကြလို့ ခွန်အားတွေဖြစ်တယ်ဆိုတဲ့ မာရဇ္ဇ
myanmarload.com
|
2019-12-20



ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အမိုက်စားအသံပါဝါနဲ့ ပရိသတ်တွေရဲ့တခဲနက်အားပေးချစ်ခင်မှုတွေကို ဆယ်စုနှစ်တွေကတည်းက ရရှိအောင်မြင်နေသူကတော့ မာရဇ္ဇပဲ ဖြစ်ပါတယ်နော်..။

မာရဇ္ဇရဲ့ သီချင်းကောင်းလေးတွေကတော့ ယောက်ျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ ရင်ထဲမှာ အခိုင်အမာနေရာယူထားပြှီး ယနေ့အချိန်ထိ ပရိသတ်တွေကြား အောင်မြင်နေဆဲပါပဲနော်..။





ဂီတချစ်မြတ်နိုးလွန်းတဲ့ အဆိုတော်မာရဇ္ဇကတော့ ဂီတသက်တမ်း နှစ်(၃၀)နီးပါးရောက်နေပေမယ့်လည်း အခုအချိန်ထိ သီချင်းတွေဆိုလို့ ကောင်းတုန်းပဲဆိုပြီး ပြောပြထားပြီး မကြာခင်မှာ သီချင်းအခွေလေးထွက်မယ့်အကြောင်းလေးကိုလည်း ပြောပြလာပါတယ်နော်..။

ဥဒါန်းဆိုတဲ့ သီချင်းခွေအသစ်လေးကို လာမယ့်(၂၀၂၀)မှာ ထွက်မှာဖြစ်ကာ အခွေထွက်ဖို့အတွက် တစ်ထက်လောက်ပြီးနေပြီဖြစ်ပြီး အဲ့ဒီထဲကမှ လက်ရှိတင်ပေးထားတဲ့ သီချင်းလေးနှစ်ပုဒ်ကို ထူးခြားအံ့သြစရာကောင်းလောက်အောင် ပရိသတ်တွေ တော်တော်ကြိုက်နှစ်သက် လက်ခံပေးနေတာတွေ့ရလို့ အခွေလေးအတွက် ပိုပြီးတော့ အားစိုက်ဖို့ ခွန်အားတွေဖြစ်တယ်ဆိုပြီး ပြောပြထားပါတယ်နော်..။





အခွေ တစ်ခွေနဲ့တစ်ခွေ မတူအောင် အမြဲကြိုးစားဖန်တီးတာကြောင့် ထွက်လာမယ့်အခွေက ထူးခြားမှာဖြစ်ပြီး တစ်ခွေလုံးကို တစ်ယောက်တည်း ရေးထားသလို တစ်ကိုယ်တော်ရှိုးကတော့ ဥဒါန်းအခွေထွက်ပြီးရင် သေချာပေါက် လုပ်ပါမယ် ဆိုပြီးောတ့လည်း ပြောပြထားပါသေးတယ်..။

ရှိုးတွေဆိုတာနည်းပြီး စီစစ်ပြီးလက်ခံတာများလို့ မမြင်ကြပေမယ့် အနုပညာအလုပ်တွေကတော့ ဆက်တိုက်လုပ်နေသလို ပုံမှန်ခွေထွက်သလို သီချင်းသစ်တွေထွက်နေတဲ့အကြောင်းလေး ပြောပြထားတဲ့ မာရဇ္ဇရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ဆင်တက်ပေးလိုက်ပါတယ်နော်..။






Some text some message..