“ဒီတစ်ပတ် မြန်မာအိုင်ဒေါမှာ ဧည့်သည်အဆိုတော်အနေနဲ့ လာရောက်ဖျော်ဖြေသွားမယ့် ရန်အောင်”
celegabar.com
|
2019-12-20

ရန်အောင်ကတော့ မြန်မာ့ရုပ်ရှင်လောကမှာ အကယ်ဒမီဆုကြီး (၆)ဆု ရရှိထားတဲ့ အထိကို အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။အကယ်ဒမီ (၆)ဆုရသရုပ်ဆောင်တစ်ယောက်ဖြစ်တာနဲ့ အညီ ဇာတ်ရုပ်မျိုးစုံကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကြောင့် သရုပ်ဆောင်လောကရဲ့ အဖိုးတန်ကြယ်တစ်ပွင့်လို့ ဆိုရမှာပါ။သရုပ်ဆောင်တစ်ယောက်ဖြစ်ရုံသာမက အဆိုတော်တစ်ယောက်အနေနဲ့တေးသီချင်းတွေကို သီဆိုချိန်မှာလည်း အောင်မြင်မှုတွေ အပြည့်အဝထပ်မံရရှိထားပါသေးတယ်။

အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ရန်အောင်ကတော့ လတ်တလောမှာ ပရိသတ်စိတ်ဝင်စားမှုအမြင့်မားဆုံးဖြစ်တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးမှာ ဧည့်သည်အဆိုတော်အနေနဲ့ သွားရောက်ဖျော်ဖြေသွားမှာပဲဖြစ်ပါတယ်။မြန်မာအိုင်ဒေါပြိုင်ပွဲကြီးဟာဆိုရင် အပတ်စဉ်သောကြာနေ့တိုင်း နာမည်ကြီး အဆိုတော်တွေကို ဧည့်သည်အဆိုတော်အဖြစ် သီဆိုဖျော်ဖြေပေးဖို့ ဖိတ်ခေါ်လေ့ရှိပါတယ်။

ယှဉ်ပြိုင်ပြီးဖြစ်ခဲ့တဲ့ အရင်Result Show ပွဲရက်တွေတုန်းကလည်း မြန်မာနိုင်ငံရဲ့ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ဦးအောင်ရင်၊ ဆုန်သင်းပါရ်၊ စည်သူလွင်၊ နေနေ၊မေခလာတို့က အသီးသီးလာရောက်ဖျော်ဖြေခဲ့ကြပါတယ်။CeleGabar ပရိသတ်ကြီးရေ ဒီနေ့ Result Show ပွဲကြီးမှာ ရန်အောင်တစ်ယောက် ဘာသီချင်းတွေနဲ့ သီဆိုဖျော်ဖြေသွားမယ်ထင်လဲ။

Source – Myanmar Idol
Chilli – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။

Some text some message..