မြန်မာသံစဉ်တေးသီချင်းကောင်းလေးတွေ ဓမ္မတေးသီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ချစ်စရာအဆိုတော်မလေးကတော့ ခင်ပိုးပန်းချီပဲ ဖြစ်ပါတယ်နော်..။
ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ ခင်ပိုးပန်းချီကတော့ သီချင်းတွေဆက်တိုက်လုပ်ဆောင်နေသလို ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေကိုလည်း သီဆိုနေပြီး သူမသီဆိုထားတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်းလေးကလည်း ပရိသတ်တွေရင်ကို ထိမိလွန်းလှပါတယ်နော်…။
ခင်ပိုးပန်းချီကတော့ အခုတစ်ခါမှာလည်း အလှူသီချင်းခွေအသစ်လေး ထွက်ရှိနေပြီး “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဆုရရှိခဲ့တဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်နဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်တို့အတွက် ဂုဏ်ပြုစကားလေး ဆိုလိုက်ပါတယ်နော်..။
“အရမ်းပျော်ပါတယ် ဆုတွေလည်းအများကြီးရတော့ ပြည့်ပြည့်ကိုရော မကစ်ကိုတော့ ဂုဏ်ယူပါတယ်..” ဆိုတဲ့ စကားလေးဆိုထားသလို “လိပ်ပြာစံအိမ်” ဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းလေးသွင်းတုန်းက အမှတ်တရလေးတွေကိုလည်း ပြောပြလာပါတယ်နော်..။
“တီးလုံးကို ကြိုတီးထားပြီးမှ သမီးကိုပြတာ သံစဉ်ချပေးတာကို သမီးက ဆိုရတာ ထင်သလောက်မဖြစ်လိုက်ဘူး အဲ့နေ့မှာပဲ ဒါရိုက်တာနဲ့တွေ့ပြီး သူအသံဖမ်းသွားပြီးတော့ အဲ့ဒီအသံကိုပဲ ရုပ်ရှင်ထဲမှာ ထည့်လိုက်တဲ့အတွက် လိုအပ်ချက်လေးတွေရှိရင်လည်း နားလည်ပေးပါ..” ဆိုပြီး အမှတ်တရလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။
မကြာခင်မှာ ရိုက်ကူးတော့မယ့် “လိပ်ပြာစံအိမ်-၂” အတွက်လည်း မျှော်လင့်နေတဲ့အကြောင်းလေး ပြောပြထားတဲ့ ခင်ပိုးပန်းချီရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။