ဓာတ်ပုံများ• ဥဏ်ဇေထက်နှင့် နိုင်လင်းစိုး
အီးဒီအမ်ဘက်ကို စီးမျောနေသည့် ၂၀၁၉ မြန်မာ့ ဂီတရေစီး
ကိုယ်ပိုင်ယဉ်ကျေးမှု ထုံးတမ်းများစွာရှိသော မြန်မာနိုင်ငံတွင် ဂီတအနုပညာဘက်တွင်လည်း ခေတ်ပြိုင်၊ ခေတ်ဟောင်း၊ တိုင်းရင်းသားတေးသံ စသည့်ကဏ္ဍအသီးသီးဖြင့် တေးသီချင်းများကို အသက်အရွယ်မရွေး စီးမျောခံစားလျက်ရှိသည်။ ၂၀၁၈ ခုနှစ် နှစ်ကုန်ခါနီးတွင် မှတ်မှတ်ရရနာမည်ကျော် ဟစ်ဟော့ပ်အဆိုတော်များ ဖြစ်သည့် ဂျေမီ၊စနဲ၊ ကြက်ဖနှင့် လူငယ်ရက်ပ် အဆိုတော်များက ဟစ်ဟော့ပ် သီချင်းသစ်များဖြင့် အယ်လ်ဘမ်များ ဝေဝေဆာဆာ ထုတ်ဝေခဲ့ပြီး ပရိသတ်များ၏ အားပေးမှု တစ်ခဲနက်ရရှိခဲ့သည်။
သို့သော် ၂၀၁၉ ခုနှစ်တစ်နှစ်လုံး တွင်တော့ အဆိုတော် X-Box ၏ 'စိတ်ဒဏ်ရာ' နှင့် မျက်နှာသစ် တေးသံရှင်များ၏ တစ်ပုဒ်ချင်း ထုတ်ဝေသည့် ဟစ်ဟော့ပ်သီချင်းများသာ ရှိပြီး အယ်လ်ဘမ်အလိုက်တွင်တော့ ဟစ်ဟော့ပ်ဂီတက ချက်ချင်း အဆက်ပြတ်သွားသလို ဖြစ်သွားပြန်သည်။ ရက်ပ်သီချင်းခွေများ ထုတ်ဝေမှု မတွေ့ခဲ့ရသလိုရော့ခ်၊ ပေါ့ပ်၊ အာရ်အင်န်ဘီနှင့် တခြားဂီတခွေများလည်း ပရိသတ် အချစ်တော် အဆိုတော် အနည်းငယ်လောက်သာ ထုတ်ဝေမှုများ ရှိခဲ့သည်။မျိုးကျော့မြိုင်၏ 'လူငယ်တွေsorry ပါ'၊ နီနီခင်ဇော်၏'ပါတီခင်ဇော်'၊ ဝိုင်းစုခိုင်သိန်း၏ 'နွားကျောင်းသူ'၊ကျော်သီဟ၏ 'ချစ်ဧည့်သည်'၊ ပိုပို၏ Made in Heart}စသည့် တေးအယ်လ်ဘမ်များသာ ပရိသတ်လက်ထဲအရောက် ထုတ်ဝေနိုင်ခဲ့သည်။
nls-26.jpg
ပြည်တွင်း နာမည်ကျော် ရော့ခ်ဂီတတေးသံရှင်များဖြစ်သည့် ဇော်ဝင်းထွဋ်၊ လေးဖြူနှင့် အိုင်စီ (Iron Cross) အဖွဲ့သားများသည်လည်း ပွဲတော်ကာလများတွင် ပရိသတ်ရှေ့ သီချင်းသစ်တစ်ပုဒ်တစ်လေသီဆိုဖျော်ဖြေမှုများရှိနေသော်လည်း သီချင်းအသစ်များ၊ အယ်လ်ဘမ်အသစ်များကို ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပေ။ ရော့ခ်ဂီတတွင် နာမည်ကျော် တေးသံရှင်ဝေလ၏ 'စာရိတ္တ'၊ မျက်နှာသစ် အဆိုတော်များ ဖြစ်သည့်အိုက်စိုင်း၊ သားဖြိုးလင်း၊ အိမ်လင်းတို့၏ 'နိယာမ'၊ ဇကြီး၏'အကောင်းဘက်သို့' စသည့် ရော့ခ်အယ်လ်ဘမ်များကို ထုတ်နိုင်ခဲ့ပြီး တစ်ပုဒ်ချင်း သီဆိုဖြန့်ချိသည့် ပုံစံအဖြစ် ပြောင်းလဲလာခဲ့သည်။သီချင်းတစ်ပုဒ်ချင်း ဖြန့်ချိရာတွင် သာဒီးလူ၏ 'သော့'၊ လင်းလင်း၏'မင်းလွှတ်တဲ့ စွန်'၊Rဇာနည်၏ 'ႀြကက်' စသည့် သီချင်းများသာ ဂီတဝန်ဆောင်မှုပေးသည့် အက်ပလီကေးရှင်းများဖြင့် ဖြန့်ချိလာခဲ့သည်။
၂၀၁၇ ခုနှစ်ဝန်းကျင်မှစ၍ စမတ်ဖုန်းများတွင် တိုက်ရိုက်နားဆင်နိုင်သည့်ဂီတဝန်ဆောင်မှုပေးသော အစီအစဉ်များ မိတ်ဆက်လာကြပြီး ၂၀၁၉ ခုနှစ်တစ်နှစ်လုံးတွင်တော့ oox? တေးသံသာ၊Khit Sense စသည့် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများကသာ ဂီတဖန်တီးသူနှင့် နားဆင်သူကြား ကြားခံဆက်သွယ်မှုများ ဖြစ်လာသည်။ ပေါ့ပ်၊ ရော့ခ်၊ ပန့်ခ်၊ ဟစ်ဟော့ပ် စသည့် နယ်ပယ်ပေါင်းစုံက မျက်နှာသစ် အဆိုတော်များသာမက နာမည်ကျော် အဆိုတော်ကြီးများပါ သီချင်းများကို အယ်လ်ဘမ်တစ်ခုချင်းထက် သီချင်းတစ်ပုဒ်စီသာပရိသတ်ကို မိတ်ဆက်သည့်ပုံစံသို့ ပြောင်းလဲသွားသည်။
nzh1276.jpg
ဒီဂျေတီးခတ်သူက ရွေးချယ်တီးခတ်သော လွတ်လပ်ပေါ့ပါးသည့် သီချင်းများ၊ နောက်ခံတီးလုံးများကို အသံစနစ် ကောင်းကောင်းဖြင့် ဖျော်ဖြေရသော ဂီတဖျော်ဖြေမှုပုံသဏ္ဌာန်သစ် အီးဒီအမ်က ပရိသတ် လက်ခံအားပေးမှု ပိုရရှိခဲ့သည်။ အီးဒီအမ် ဂီတပွဲတော်များတွင် ရော့ခ်၊ ဟစ်ဟော့ပ်၊ ဂျက်ဇ်၊ ပေါ့ပ်၊အာအင်န်ဘီ စသည့် ဂီတအမျိုးအစားပေါင်းများစွာနှင့် ပေါင်းစပ်ဖျော်ဖြေနိုင်သည်ကလည်း အားသာချက်တစ်ခု ဖြစ်သည်။
"ဂီတရေစီးကြောင်း အနေအထား အပြောင်းအလဲက အီးဒီအမ်ဘက်ကိုသွားနေတယ်၊ ဂီတပုံစံအပြောင်းအလဲတွေ ဖြစ်နေတာမို့ ၂၀၁၉ ခုနှစ်ထဲမှာဟစ်ဟော့ပ် အယ်လ်ဘမ်အသစ်တွေ မထွက်ဖြစ်ကြတာပါ။ ဒါပေမဲ့ underground မှာတော့ လုပ်နေကြတယ်၊ အများကြီးရှိတယ်။ mainstream နော ပေါ်သာ မရောက်ကြတာ"ဟု ဟစ်ဟော့ပ်အဆိုတော်တစ်ဦးဖြစ်သည့် ရန်ရန်ချန်းက ပြောသည်။
ဂီတအမျိုးအစားမျိုးစုံ၏ တေးဂီတဖန်တီးမှုပုံစံသည်လည်း ယခင်ကထက် ပိုမိုသေသပ်လာပြီး ပိုအဆင်ပြေလာကြောင်းလည်း ၎င်းက ဆိုသည်။
nls-946.jpg
အီးဒီအမ်ပွဲများ လူကြိုက်များလာခြင်းမှာ ၂၀၁၅ ခုနှစ်၌ အစိုးရ အပြောင်းအလဲဖြစ်ပြီး အင်တာနက်ဆိုရှယ်မီဒီယာများ လွတ်လွတ်လပ်လပ် အသုံးပြုခွင့်ရလာခြင်းနှင့် ဆက်သွယ်ရေးကွန်ရက်များ အားကောင်းလာခြင်းတို့လည်း ပါဝင်ကြောင်း H-Life entertainment ပူးတွဲတည်ထောင်သူ ကိုကောင်းဆက်က ဆိုသည်။
"ကျွန်တော်တို့ အီးဒီအမ်ပွဲတွေကို နိုင်ငံခြားမှာ ကြည့်မိပြီး ကြိုက်လာတယ်၊ ကြည့်ချင်ရင် ဘန်ကောက်တို့၊ စင်ကာပူတို့ကို အမြဲသွားရတော့ ကိုယ့် မြန်မာပြည်မှာလုပ်ရင် လူငယ်လူရွယ်တွေ ကြိုက်နိုင်တယ်။ နိုင်ငံခြားအထိ သွားစရာမလိုဘဲ အဆင်ပြေမယ်ဆိုပြီး ပွဲတွေလုပ်ဖြစ်တာပါ"ဟု ကိုကောင်းဆက်က ဆိုသည်။
H-Life entertainment က လူငယ်ပရိသတ်ကြား ဝက်ဝက်ကွဲအောင်မြင်ခဲ့သော အီးဒီအမ်ပွဲများဖြစ်သည့် 808 music festival, Myanmar Premium Countdown စသည့် ပွဲတော်များကို ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်နိုင်ခဲ့သလို အီးဒီအမ် ငါးနှစ်ပြည့်ပွဲတော်အဖြစ် ၂၀၁၉ ခုနှစ်အတွင်းTogether Festival အမည်ဖြင့်လည်း အောင်မြင်သော ပွဲတစ်ပွဲ ကျင်းပခဲ့သေးသည်။
မယ်လိုဒီ ေ-ဝါလ်၊The Voice Myanmar, The X Factor, Myanmar Idol စသည့် နိုင်ငံတစ်ဝန်းလုံး အားပေးကြသည့် ဂီတအနုပညာ အဆိုပြိုင်ပွဲများ လွန်ခဲ့သည့် နှစ်အနည်းအတွင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နာမည်ကျော် မျက်နှာသစ် အဆိုတော်များစွာလည်း ထွက်ပေါ်လာခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်းတွင်မူ အဆိုပြိုင်ပွဲတချို့ ဆက်လက်မကျင်းပတော့ဘဲ လက်ရှိ ပြိုင်ပွဲအနည်းငယ်ကသာ ပရိသတ်အခိုင်အမာဖြင့် ရပ်တည်နေသည်။
"ဘယ်သူမဆို ဒီ ဂီတအလုပ်ကိုလုပ်တာ ကိုယ့်အနုပညာကို လူသိဖို့လုပ်တာ၊အားလုံးရဲ့ ရင်ထဲကတော့ ဂီတကိုချစ်တာ။ ကျွန်တော့်အမြင်ပြောရရင် သူတို့ကို ပြိုင်ပွဲကလူတွေလို့ မမြင်ဘူး၊ ဂီတကို ချစ်တဲ့လူတွေလို့ပဲ မြင်တယ်။ ပြိုင်ပွဲတွေရှိလာတော့ လူသိအောင်လုပ်ဖို့ ဂီတကိုချပြဖို့ အခွင့်အလမ်း ပိုများလာတာပေါ့" ဟု တေးဂီတပြိုင်ပွဲများ မြန်မာနိုင်ငံထဲတွင် ကျင်းပလာမှုနှင့် ပတ်သကွှ့်နThe Voice Myanmar တေးဂီတပြိုင်ပွဲ၏ ဒိုင်တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သူ ရန်ရန်ချန်းက ဆိုသည်။
ရန်ရန်ချန်း၊ အနဂ္ဂ၊ ဇေယျာသော်တို့ဖြင့် ၂၀ဝ၀ ပြည့်နှစ်က ဖွဲ့စည်းခဲ့သောနာမည်ကျော် Acid ဟစ်ဟော့ပ်ဂီတအဖွဲ့သည် ၂၀၁၉ ခုနှစ်အတွင်းတေးသံရှင် အားတီနှင့် တေးသီချင်းတစ်ပုဒ်သာ ဖန်တီးဖြစ်ခဲ့ပြီး တေးအယ်လ်ဘမ်အသစ်ထွက်နိုင်ဖို့ အဖွဲ့သားအားလုံး လူစုံအောင် အချိန်ယူရဦးမည်ဖြစ်ကြောင်းလည်း သိရသည်။
"ကျွန်တော့်ကတော့ သီချင်းတွေကို အင်တာနက်က နားထောင်ဖြစ်တာများတယ်။ အက်ပလီကေးရှင်းတွေကနေ နားမထောင်ဖြစ်ဘူး။ အက်ဆစ်အဖွဲ့သားတွေက တစ်ယောက်က လွှတ်တော်ထဲမှာ၊ တစ်ယောက်က ကလေးအဖေ၊ သီချင်းရေးဖို့ အချိန်မရကြဘူး၊ ထွက်တာကတော့ ထွက်မှာပါ။ ဘယ်တော့လဲဆိုတာတော့ ပြောလို့မရသေးဘူး။ ဂီတကိုတော့ ဟစ်ဟော့ပ်မှ မဟုတ်ဘူး၊ဘာဖြစ်ဖြစ်ကြိုက်တယ်။ အီးဒီအမ်ဆိုလည်း ဟိုးစစချင်းကတည်းက ကြိုက်တယ်။ ရင်ဘတ်ထဲရောက်ရင် ဘယ်ဂီတဖြစ်ဖြစ် ကြိုက်တယ်"ဟု ရန်ရန်ချန်းက ပြောသည်။
၂၀၁၉ ခုနှစ်အတွင်း ဂီတတေးသီချင်း အယ်လ်ဘမ်အသစ်များ ထွက်ရှိလာမှုမှာ ၂၀၁၈ ထက်စာလျှင်လျော့နည်းနေသော်လည်း အထိုက်အလျောက်တော့ ထွက်ရှိနေသေးကြောင်း တေးရေး မင်းချစ်သူက ဆိုသည်။
"အများကြီးမထွက်ဘူးတော့ မဟုတ်ဘူး၊ ထွက်သင့်သလောက်တော့ ထွက်တယ်။ ပရိသတ်အာရုံစိုက်မှု နည်းသွားတာပါ။ ပရိသတ်တွေရဲ့ နားထောင်မှုပုံစံတွေက အရင်လိုမဟုတ်တော့ဘူး။ အွန်လိုင်းမှာ အများဆုံးနားထောင်ကြပြီး အယ်လ်ဘမ်တစ်ချပ်လုံးကို အရင်တုန်းကလို နားမထောင်ဖြစ်တော့ဘူး။
ဒါကြောင့် အရင်ကလောက်အခွေတွေ မထွက်သလို ဖြစ်နေတာမျိုးလို့ပြောလို့ရတယ်" ဟု တေးရေးမင်းချစ်သူက ပြောသည်။
ယခင်နှစ် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၈ မတိုင်ခင်နှစ်များက တေးသီချင်း အယ်လ်ဘမ်အသစ်များ ထွက်ရှိချိန်တွင် ကာရာအိုကေ ဗီစီဒီ၊ အမ်တီဗီများပါ တစ်ပါတည်း ထွက်ရှိပြီး ပရိသတ်က အိမ်တွင် စက်များဖြင့် ဖွင့်ကာ နားထောင်ကြသော်လည်း ယခုအခါ တေးသီချင်းနားထောင်သည့် ပုံသဏ္ဍန်မှာ onlinestreaming ဟု ခေါ်သည့် အင်တာနက်အွန်လိုင်းပေါ်၌စီးမျောနားထောင်ခြင်းပုံသဏ္ဍန်သို့ ပြောင်းလဲလာသည်ဟု မင်းချစ်သူက ပြောသည်။
တေးသီချင်းပြိုင်ပွဲများမှ မျက်နှာသစ်လူငယ် အဆိုရှင်များ ထွက်ရှိလာမှုအပေါ် တေးဂီတပြိုင်ပွဲများ ဖြစ်သည့်အတွက် ပရိသတ်က ဆုံးဖြတ်လက်ခံပြီးသား ဖြစ်ကြောင်း၊ပြိုင်ပွဲများမှလည်း တေးသံရှင်ကောင်းများ ထွက်ပေါ်လာနိုင်ကြောင်း သူ၏အမြင်ကို ပြောသည်။
"အနုပညာရှင်တစ်ယောက်ရဲ့ အောင်မြင်မှုကို အချက်နှစ်ချက်နဲ့ ကြည့်ပြီး ပြောရရင် အရည်အချင်းရယ် ကံ၊ စန်းရယ်ဆိုပြီး ပြောလို့ရမယ်။ အနုပညာလောကသားရယ်လို့ လောကထဲမှာ ရေရှည်ခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်ဖို့က အရည်အချင်းကြောင့်ဖြစ်တဲ့သူတွေက ပိုပြီးအားသာတယ်။ ဥပမာ- ဇော်ဝင်းထွဋ်၊ လေးဖြူတို့ပေါ့။ ဒါကြောင့် မျက်နှာသစ်အဆိုရှင်အနုပညာသမားတွေကိုလည်း ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်" ဟု တေးရေး မင်းချစ်သူက ဆိုသည်။
နိုင်ငံတကာ ဂီတအနုပညာ ပေါင်းစည်းဖလှယ်ပွဲများကိုတော့Goethe
Institute အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ဦးဆောင်ကျင်းပခဲ့ကြပြီး မြန်မာ့ရိုးရာ ဂီတဖျော်ဖြေသူများနှင့် အာဆီယံနှင့်
နိုင်ငံတကာက ဂီတကျွမ်းကျင်သူများအကြား အနုပညာဖလှယ်ခွင့် ရခဲ့သည့် ပွဲတော်များအဖြစ် အောင်မြင်ခဲ့သည်။
မည်သို့ပင်ဆိုစေ ၂၀၁၉ ခုနှစ်အတွင်း ပရိသတ်အကြိုက်နှင့် ထပ်တူကျသည့်သီချင်းကောင်းများ ဂီတနယ်ပယ်အသီးသီးက ပေါ်ထွက်ခဲ့သော်လည်း ပြောင်းလဲနေသော နည်းပညာနှင့် ခေတ်အလိုက် တေးသီချင်းများကိုခံစားနားဆင်နေဦးမည် ဖြစ်သည့်အတွက် အယ်လ်ဘမ်တစ်ချပ်ချင်း ထုတ်ဝေသည့် ဓလေ့က စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။
Read More