“ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းခံခဲ့ရတဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Teaser Trailer”
celegabar.com
|
2019-12-26

ဒါရိုက်တာ ညိုမင်းလွင် ရဲ့ (၂၀၁၉)ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုအပေါ် အခြေခံရိုက်ကူးထားတဲ့ “မြမြ”ရုပ်ရှင်ဇာတ်ကားကြီးဟာတော့ စတင်ရိုက်ကူးသည့်အချိန်ထဲက ပရိသတ်တွေရဲ့ အထူးအာရုံစိုက်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ရိုက်ကူးပြီးစီးသွားပြီဖြစ်ပြီး ပထမဆုံး Teaser Trailer ထွက်ရှိလာခဲ့ပါပြီ။

“မြမြ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမည့် (၂၀၂၀)ခုနှစ်၊ဖေဖော်ဝါရီလ(၆)ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသသွားမှာလည်းဖြစ်ပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်ကတော့ သဘာဝလွန်ဇာတ်ကားတွေရိုက်ကူးရာမှာ ပြောင်မြောက်တဲ့သူ ပီပီ “မြမြ”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ မြမြ ဝင်ပူးစဉ်ကမြင်ကွင်းအတိုင်း တထပ်တည်းတူအောင် ရိုက်ထားတာဆိုတာကို ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Teaser Tralier မှာ မြင်တွေ့ရမှာပါ။ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နိုင်ငံကျော်မင်းသမီးချော သင်ဇာဝင့်ကျော်က မြမြနေရာမှ ပါဝင်သရုပ်ဆောင်ထားပြီး မုဒိမ်းသမား(၃)ယောက်ကို မျက်နှာသစ်တွေမှ ပါဝင်သရုပ်ဆောင်ထားတာမို့ ပရိသတ်တွေရဲ့ အာရုံစိုက်စောင့်ကြည့်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ သဘာဝလွန်ဇာတ်ကားတွေရိုက်ကူးရာမှာ ပြောင်မြောက်လွန်းတဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ (၂၀၁၉)ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုအပေါ် အခြေခံရိုက်ကူးထားတဲ့ “မြမြ”ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ ပထမဆုံး Teaser Trailer ကို ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။

Source: မွမွ
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

Some text some message..