သာယာလှပတဲ့နေရာလေးမှာ လူငယ်လေးတစ်ယောက်လိုအထာကျကျပို့စ်ပေးရင်း အရမ်းလန်းနေတဲ့ခေးကြီးလုလုအောင်
myanmarload.com
|
2019-12-27
မော်ဒယ်၊ သရုပ်ဆောင် လုလုအောင်ကတော့ ပြေပြစ်လှပတဲ့ကောက်ကြောင်းအလှနဲ့ ညို့အားပြင်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပုရိသကိုကို၊မောင်မောင်တွေကြားမှာ အရမ်းကိုရေပန်းစား နာမည်ကြီးတဲ့လုလုအောင်က မသိမသူမရှိလောက်အောင် လူသိများအောင်မြင်နေတာပဲဖြစ်ပါတယ်။ လုလုအောင်ရဲ့အမိုက်စားပုံရိပ်တွေကလည်း ပရိသတ်တွေရဲ့ ရင်ခုန်သံကိုမြန်အောင် ပြုစားနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။
လုလုအောင်က ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့် အခုချိန်အထိ အရွယ်တင်နုပျိုပြီး လှပနေဆဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လုလုအောင်က ပွဲအခမ်းအနားလေးတွေတက်ရောက်နေရသလို ခရီးတွေလည်း မကြာခဏထွက်နေတာ ဖြစ်ပါတယ်။ အခုလည်း ခေးကြီးလုက သာယာလှပတဲ့ သဘာဝရှုခင်းကြီးနဲ့အပြိုင် အလန်းစားပို့စ်လေးတွေပေးပြီး ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။
ခေးကြီးလုကတော့ Hoodie နဲ့ ဘောင်းဘီတိုလေးကိုတွဲဝတ်ပြီး လူငယ်လေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာ လှနေရက်တာပဲဖြစ်ပါတယ်။ လုလုအောင်က သာယာလှပတဲ့နေရာလေးမှာ မျက်မှန်တစ်လက်နဲ့ အထာကျကျ လန်းနေတဲ့ပုံလေးတွေကို တင်လိုက်တာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးအတွက် မော်ဒယ်၊ သရုပ်ဆောင် လုလုအောင်ရဲ့ ခရီးသွား အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
#လုလု
#ပုံရိပ်
#မော်ဒယ်
#မြန်အောင်
#ကောက်ကြောင်း
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်