Myannar Idol 4Winner ဆု ချင်းတိုင်းရင်းသူ Esther က ဆွတ်ခူး
mmtimes.com
|
2019-12-29



ဓာတ်ပုံ- နဒီ

Myannar Idol 4Winner ဆု ချင်းတိုင်းရင်းသူ Esther က ဆွတ်ခူး

Myannar Idol Season 4 (Top 3) Grand Final Show ပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက် ည ၈နာရီခွဲက ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်း၌ ကျင်းပခဲ့ရာ ချင်းတိုင်းရင်းသူ Winner ဆုကို Esther က ဆွတ်ခူးခဲ့သည်။

"Winner ဆုကို သူရသွားလို့ ပျော်ပါတယ်။ မအက်စတာကလည်း တကယ်တော်လို့ ဒီဆုကို ရတာပါ Winner Song သီချင်းကို ထပ်ဆိုခွင့်ရ လို့လည်း ပျော်ပါတယ်။ သမီးက ငယ်ငယ်ထဲက ချစ်တဲ့ ပရိသတ်တွေ ၊ Fanတွေလည်း ရှိပြီသားဆိုတော့လေ။ အနုပညာပတ်သက်ပြီးတော့ သမီးက ဆက်လုပ်သွား မှာ ပါ "ဟု အေးမြဖြူ က ပြောသည်။

၎င်းပြိုင်ပွဲဝင် Top 3 တို့သည်Benjamin sum ၊ အေးမြဖြူ နှင့် အက်စတာတို့က ဒိုင်များရွေးချယ်ပေးသော သီချင်း၊မိမိစိတ်ကြိုက်သီချင်းနှင့် တေးရေး ဝေကြီးရေးသားပေးထားသော 'အဖြူရောင်' Winner Song ၃ ပုဒ်ဆီ သီဆိုယှဉ်ပြိုင်ခဲ့ကြသည်။

"Winner ဖြစ်ခြင်း၊ မဖြစ်ခြင်းက စိတ်ကို အားငယ်စရာမလိုပါဘူး။ ဘဝအတွက် Winner ဖြစ်ဖို့က အစ်မတို့Myanmar Idol Team တစ်ခုလုံးက အမြဲကြီးစားထားပြီးသားပါပဲ။ဒါကြောင့်မို့ အစ်မတို့ ဆီမှာ ဘယ်လိုအနေအထားမှာပဲရှိရှိ မြန်မာနိုင်ငံမှာရှိနေတဲ့ ကလေးတွေကို ကမ္ဘာမှာသိအောင် ထူးချွန်တယ်ဆိုတာ ကို ဒီ နေ့ပြ နိုင်ခဲ့ပြီပေါ့။ ဒီတော့ ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ ပြောချင်တာက Myanmar Idol က အရမ်းကြီး ကောင်း လှတယ် မဟုတ်ပေမယ့်လည်း အမြဲစွမ်းစွမ်းတမံ ကြိုးစားနေတဲ့ Team တစ်ခုဆိုလည်း မမှားပါဘူး။ တကယ်လို့ အမှားတွေရှိခဲ့မယ်ဆိုရင်လည်း ခွင့်လွှတ်ပါ။သီချင်းအလွှာ ၅လွှာ၊ တေးရေးတေးဆို အနုပညာရှင်များပဲ ဖြစ် ဖြစ် ၊ Vocalist ပဲဖြစ်ဖြစ် ကိုယ့်စိတ်နဲ့ မတိုက်ဆိုင်တာရှိရင်လည်း တောင်းပန်ပါတယ်။ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက် သည် မြန်မာနိုင်ငံမှာမှာရှိတဲ့ ဝါသနာရှင်ကနေ အနုပညာရှင် ၊ အနုပညာရှင်ကနေ အတတ်ပညာရှင် အထိသွားဖို့ အတွက် ရည်ရွယ်ပါတယ်။ဘယ်သူဘယ်ဝါ ပုဂ္ဂိုလ်စွဲလည်း မရှိပါဘူး။Season (1)ကနေ (4)ရောက်တဲ့ အထိတ စိုက်မတ်မတ်ကြိုးစားနေပါတယ်။ ကြိုးစားမှုအပိုင်းမှာ အားနည်းချက်အားသာချက်ရှိရင် နားလည်ပေးပါလို့ ပြော ချင်ပါ တယ်"ဟု ဒေါ်နန်းမောဝ်လောက်ဆိုင်းက ပြောသည်။

အဆိုပါ အခမ်းအနားတွင် Myanmar Idol ပြိုင်ပွဲ Winner ဆုရှင်များဖြစ်သည့် Season 1မှ စော်လားထော်ဝါး ၊ Season 2 မှ သားငယ်၊ Season 3 မှ ဖြိုးမြတ်အောင် ၊ အပြင် Season 4 မှ ဒိုင်များဖြစ်သည့် အောင် ကိုလတ် ၊တင်ဇာမော် နှင့် ဖြူဖြူကျော်သိန်း တို့နှင့် Season 4 Top 8 များက ဆက်လက်ဖျော်ဖြေခြင်း ၊ ဧည့် သည် အဆိုတော် ချစ်ကောင်း ကတေးသီချင်းဖြင့် ဖျော်ဖြေခဲ့သည်။

Myanmar Idol Season 4 နောက်ဆုံး ဖိုင်နယ်ပြိုင်ပွဲကြီးကို ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ် မည်ဖြစ်ပြီး winner ဆုရှင်အက်စတာက ဆုကြေးငွေ ကျပ်သိန်း ၅၀၀ နှင့် Oppo မှ ကျပ်သိန်း ၂၀၀ ၊ Solo Album တစ်ခွေ ၊ City life မှ တိုက်ခန်း တစ်ခန်းကိုလည်းကောင်း ၊ Top 3 စာရင်းဝင်သော အေးမြဖြူ နှင့် Benjamin Sum တို့က ဆုကြေးငွေ ကျပ် ၇၅သိန်း နှင့် Wildcard ဆုရှင် တံခွန်ကျော်က ကျပ် သိန်း ၅၀ ကို ဆွတ်ခူးရရှိခဲ့ကြသည်။




Some text some message..