“စွပ်စွဲပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီး ချက်ကျလက်ကျ ပြန်လည်ရှင်းပြလိုက်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်”
အက်စတာဒေါ့သ်ချင်းဆုန်ကတော့ Myanmar Idol Season (4)ကနေ Winner ဆုကြီးကို ထိုက်ထိုက်တန်တန်နဲ့ရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။အက်စတာဟာ Winner ဆုကြီးကို ပူပူနွေးနွေးရရှိပြီးနောက်မှာတော့ လူမှုကွန်ရက်စာမျက်နှာထက်မှာ တချို့သောသူတွေရဲ့ ကောလဟာလသတင်းဖြန့် တိုက်ခိုက်နေတာတွေကို တော်တော်ပြင်းပြင်းထန်ထန်ခံနေရပါသေးတယ်။
အက်စတာဟာ ပြိုင်ပွဲကို ငွေကြေးအခက်အခဲတွေနဲ့ လာရောက်ယှဉ်ပြိုင်ခဲ့ရတယ်ဆိုတဲ့ အပေါ် နိုင်ငံခြားခရီးစဉ်သွားရောက်တုန်းက ရိုက်ကူးထားတဲ့ ပုံတွေနဲ့ “နယူးယောက်ပြန်ကြီး” “သနားအောင်လုပ်ဇာတ်ခင်းမျက်ရည်ချူတယ်”လို့ ဝေဖန်တိုက်ခိုက်ပြောဆိုနေကြတာတွေက လတ်တလော လူမှုကွန်ရက်စာမျက်နှာထက်မှာ ဟိုးလေးတကျော်ကျော်နဲ့ အတော်လေးကို ဂယက်ထနေပါတယ်။
အက်စတာကတော့ အခုလို ဝေဖန်တိုက်ခိုက်နေကြတာတွေနဲ့ ပတ်သက်လို့ (၂၀၁၇)ခုနှစ်တုန်းက ချင်းအိုင်ဒေါမှာ Winner ဆုရရှိပြီး နိုင်ငံခြားဖျော်ဖြေရေးပွဲစဉ်တွေကို ဖျော်ဖြေပေးဖို့ဖိတ်ခေါ်ခဲ့တာကြောင့် သွားရောက်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ပြန်လည်ဖြေရှင်းထားခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရေ အက်စတာ ကောလဟာလတွေနဲ့ ဝေဖန်တိုက်ခိုက်နေတာတွေကို ပြန်လည်ဖြေရှင်းလိုက်ပါပြီနော်။
Source – Esther Dawt Chin Sung
Chilli @ CeleGabar