“ဒေါက်တာမလေး မြလေးနွယ်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင်တွေ့ရဦးမယ့် ခြူးလေး”
celegabar.com
|
2020-01-13
မင်းသမီးချောလေး ခြူးလေးပါဝင်သရုပ်ဆောင်ထားတဲ့ “သောင်းတိုက်ကကြားစေသား” ရုပ်ရှင်ဇာတ်ကားကြီးကတော့ (၁၉၉၀)ပြည့်နှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ဒါရိုက်တာ အကယ်ဒမီ ထွန်းအောင်ဇော်မှ ရိုက်ကူးပုံဖော်ထားတာလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ လူမင်း၊မြတ်သူကျော်၊ ပြေဇင်၊ အကယ်ဒမီ မယ်လိုဒီ၊ ဝင်းသပြေထွန်းတို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ခြူးလေးကတော့ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံး ပုံဖော်ရမှာစွမ်းစွမ်းတမံ သရုပ်ဆောင်တတ်သူဖြစ်တာမို့ “သောင်းတိုက်ကကြားစေသား” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဘယ်လိုသရုပ်ဆောင်ချက်တွေနဲ့ မြင်တွေ့ရမယ်ဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲနော်။
CeleGabar ပရိသတ်ကြီးရေ MRTV 4 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသလျက်ရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ပင်တိုင်စံမင်းသမီးလေးဖြစ်ပြီး ပရိသတ်တွေရဲ့အသည်းကျော် မင်းသမီးချောလေး ခြူးလေး ကို ဒေါက်တာမလေး မြလေးနွယ်အဖြစ် မြင်တွေ့ရမယ့် “သောင်းတိုက်ကကြားစေသား” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ရုံတင်ပြသမှာတဲ့နော်။
#အကယ်ဒမီ
#ဇာတ်ကား
#ရုပ်ရှင်
#သရုပ်ဆောင်
#မြလေး
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်