နာဇီခေါင်းဆောင် ဟစ်တလာဂျူးလူမျိုးမိန်းကလေးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကြောင့်အငြင်းပွားဖွယ်များဖြစ်ပွား
popolay.com
|
2018-11-20

အဒေါ့ဖ် ဟစ်တလာဆိုတာကြားရုံနဲ့ ဂျူးလူမျိုးတွေကိုအရိုးစွဲအောင်မုန်းတဲ့ လူဆိုတာလူ တိုင်းအသိပါပဲ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်အချိန်အခါတုန်းကအဒေါ့ဖ်ဟစ်တလာက ဂျူးလူမျိုးမိန်းကလေးတစ်ယောက်နဲ့ ပြုံးပြုံးရွှင်ရွှင် ဓာတ်ပုံရိုက်ထားတဲ့ပုံ တစ်ပုံရှိနေခဲ့ ပါတယ်။အဒေါ့ဖ်ဟစ်တလာဟာ ထိုမိန်းကလေးကို sweetheart (အသဲလေး) လို့ခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။ ဂျာမန် စကားပြန်ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ Rosa ဟာ ဟစ်တလာနဲ့ ၁၉၃၃ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။ ထိုဓာတ်ပုံကလဲ ဟစ်တလာရဲ့အိမ်အပြင်ဘက်မှာ ရိုက်ထားတာဖြစ်ပြီးအဆိုပါပုံကို ဒေါ်လာ ၁၁၅၂၀ နဲ့ လေလံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။


Rosa နဲ့ သူမမိခင် တို့ဟာ ဂျာမနီနိုင်ငံ ဘာဗာရီးယားမြို့မှာပြုလုပ်တဲ့ သူ့ရဲ့ မွေးနေ့ပွဲကို လူစုလူဝေးထဲမှာဝင်ရောက် ကြည့်ရှုနေခဲ့ပါတယ်။ ဟစ်တလာဟာလူစုလူဝေးထဲက Rosa ကိုတွေ့သွားပြီး သူ့အနီးအနားရှိရာကိုခေါ်ထုတ်ခဲ့ပြီး သူ့ရဲ့အယုံကြည်ရဆုံး ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Hoffmann နဲ့ ဓာတ်ပုံရိုက်စေခဲ့ပါတယ်။ ဓာတ်ပုံတွေအများကြီးထဲမှာ ဟစ်တလာက သူအကြိုက်ဆုံးပုံတစ်ပုံကို “The dear and (considerate?) Rosa Nienau Adolf Hitler Munich, the 16 th June 1933, and delivered to Nienau’s mother Karoline in Munich.” ဆိုပြီး စာသားများ သူကိုယ်တိုင်ရေးသားမှတ်သားခဲ့ပါတယ်။ ကလေးမလေးဟာ ဂျူးလူမျိုးအဖွားရဲ့ မြေးဖြစ်လို့ ဂျူးသွေးစပ်ပေမယ့် ဟစ်တလာကတော့ ကလေးမလေးအပေါ်ချစ်ခင်မြတ် နိုးတာမျိုးလျော့သွားခြင်းမရှိပါဘူး။ Rosa တစ်ယောက် ဂျူးသွေးပါတယ်ဆိုတာ ဟစ်တလာတစ်ယောက်အစက သိရှိခြင်းမရှိခဲ့ပါဘူး။ သူမ ဂျူးသွေးစပ်တယ်ဆိုတာသိရှိသွားတဲ့အခါမှာလဲ ဟစ်တလာကအဆိုပါအခြင်းအရာကို လစ်လျှူရှုထားပြီး ကလေးမလေးလေးနဲ့အခင်အမင်မပျက်တည်ရှိနေခဲ့ပါတယ်။ ၁၉၃၈ မတိုင်မီ နာဇီဗိုလ်မှူးတစ်ဦးဖြစ်တဲ့ Bormann ဟာသူတို့ရဲ့ သဘောတူညီချက်စာချုပ်ကို ထာဝစဉ်ရပ်ဆိုင်းခြင်းကိုခံခဲ့ရပါတယ်။ ထိုအချိန်တုန်းက ဟစ်တလာကို ကလေးမလေး Rosa ပေးပို့ခဲ့တဲ့ စာများဟာ Wihelm Brukner ကိုဂျာမန်မြှားတပ်မှာရှာတွေ့စေနိုင်ဖို့အထောက်အကူပြုခဲ့ပါတယ်။

ထိုကိစ္စတွေဖြစ်ပွားခဲ့ပြီး Rosa ဟာအောက်တိုဘာလ ၅ ရက်၊ ၁၉၄၉ ခုနှစ်အသက်၁၇ နှစ်အရွယ်မှာသေဆုံးသွားခဲ့ပါတယ်။ သူမသေဆုံးသွားတာနဲ့ သူမရဲ့ ဓာတ်ပုံများကအမေရိကကို ရောက်ရှိသွားခဲ့ပြီး Maryland မှာတည်ရှိတဲ့ Chesapeake မြို့တော်မှာ စတင်ပြီးလေလံတင်ရောင်းချခဲ့ပါတယ်။ “ဓာတ်ပုံကတော့ ကျွန်တော်တို့ ဆီရောက်လာတာပဲ၊ ဒါပေမဲ့ ဒီပုံတွေအမေရိကန်ကို ဘယ်လိုရောက်လာတာလဲ ဆိုတာတော့အံ့သြစရာပါပဲ” လို့ လေလံတင်ပွဲရုံ ပိုင်ရှင် Andreas Kornfeld ကပြောဆိုထားပါတယ်။ “ဂျာမနီမှာတော့ ဒီဓာတ်ပုံတွေကို တစ်စုံတစ်ယောက်က ပိုင်တယ်ဆိုတာအသေအချာပါပဲ။” လို့လဲပြောကြားထားပါတယ်။ ပြီးတော့ သူ့အနေနဲ့ ဒီဓာတ်ပုံတစ်ပုံကိုရရှိဖို့အများကြီး ကြိုးစားထားရတယ်လို့ ဆိုထားပါတယ်။ ဘာလို့လဲဆိုတော့အင်မတန်မှ ရက်စက်ကြမ်းကြုတ်တယ်လို့ နာမည်ဆုံးနဲ့ ကျော်ကြားတဲ့ နာဇီခေါင်းဆောင်ဟာလဲ ကလေးချစ်တတ်တဲ့နူးညံ့တဲ့ နှလုံးသားပိုင်ရှင်ဖြစ်တယ်ဆိုတာ ထိုဓာတ်ပုံကဖော်ပြနေတဲ့အတွက် ဖြစ်တယ်လို့ဆိုထားပါတယ်။ တကယ်တော့ ဓာတ်ပုံဆရာ HoffMann ဟာဟစ်တလာရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံဆရာမဟုတ်ခဲ့ပါဘူး။

သူဟာ ထိုခေတ်အချိန်အခါက ဓာတ်ပုံများကိုမှတ်တမ်းတင်ထားချင်တဲ့ သာမန်ဓာတ်ပုံဆရာ တစ်ယောက်သာဖြစ်ပါတယ် လို့လဲပြောကြားထားပါသေးတယ်။

Kornfeld ဟာတစ်ချိန်တုန်းက ဟစ်တလာနဲ့ ပတ်သတ်ပြီး ဟစ်တလာပိုင်ဆိုင်တဲ့ တယ်လီဖုန်းကိုလဲ ဒေါ်လာ ၂၄၃၀၀၀ နဲ့လေလံတင်ရောင်းချခဲ့ဖူးပါတယ်။

Kornfeld ကသူလေလံတင်ရောင်းချခဲ့တဲ့ ပစ္စည်းတွေထဲမှာ ဒီဓာတ်ပုံကအထူးခြားဆုံးဖြစ်ပြီး ဟစ်တလာရဲ့ လက်မှတ်နဲ့လက်ရေးပါ ပါဝင်တာကြောင့် လွမ်းမောဖွယ်ကောင်းတဲ့အမှတ်တရတွေလဲပါဝင်တယ် လို့ဆိုထားပါတယ်။












Some text some message..