ဂျပန်နိုင်ငံရဲ့အကယ်ဒမီရုပ်ရှင်ဆုပေးပွဲမှာ မျက်နှာသစ်သရုပ်ဆောင်ဆုရွေးချယ်ခံရတဲ့ မိုရီဆာကီဝင်း
celegabar.com
|
2020-01-16

မိုရီဆာကီဝင်းကတော့ စကားသံဝဲဝဲလေးနဲ့မြန်မာပရိသတ်တွေအဝင်းလိုချစ်စနိုးခေါ်ကြတဲ့ မြန်မာပြည်ဖွား အနုပညာရှင်တစ်ယောက်ပါ။အသက်ငယ်ငယ်လေးကတည်းက ဂျပန်နိုင်ငံကိုရောက်ရှိခဲ့သလို ဂျပန်နိုင်ငံမှာပဲ အခြေစိုက်ပြီးတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။အဝင်းကတော့မြန်မာပရိသတ်တွေ သည်းသည်းလှုပ်အချစ်ခံရတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကြော်ငြာ၊ဓာတ်ပုံနဲ့ရုပ်ရှင်ဇာတ်ကားတွေအထိ မကြာခဏဆိုသလို ရိုက်ကူးနေရတဲ့သူလည်းဖြစ်ပါတယ်။မကြာခင်မှာရုံတင်တော့မယ့် ဂန္ဓဗ္ဗ ရုပ်ရှင်ဇာတကာ်းကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားသလို အိမ်မက်တွေမိုးထားတဲ့အိမ် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း နေခြည်ဦးနဲ့တွဲဖက်ပြီးပါဝင်ထားပါသေးတယ်။ဒါ့အပြင် မကြာသေးခင်ကဖျက်သိမ်းခဲ့တဲ့ PrimaX အမျိုးသားအဆိုတော်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

မြန်မာပြည်မှာအာင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ သတ်မှတ်နိုင်သလို ဟောလိဝုဒ်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ရွေးချယ်ခံရဖူးပါတယ်။အဝင်းပါဝင်သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ်ဇာတ်ကားကတော့ Ready Player One ဖြစ်ပါတယ်။




အခုဆိုရင် ဂျပန်နိုင်ငံရဲ့အကယ်ဒမီရုပ်ရှင်ဆုပေးပွဲ(43rd Japan Academy Film Prize)မှာ မျက်နှာသစ်သရုပ်ဆောင်ဆု(Newcomer of the Year)ရွေးချယ်ခံရပြန်တာ ဖြစ်ပါတယ်။ဒီဆုကိုတော့ ဂျပန်ဇာတ်ကားဖြစ်တဲ့ Listen to Universe နဲ့ရရှိတာဖြစ်ပါတယ်။အဝင်းရဲ့အောင်မြင်မှုတွေကိုလည်း မြန်မာပြည်ကပရိသတ်တွေကတော့ ဝမ်းသာနေကြတော့မှာပါ။ဂျပန်နိုင်ငံမှာသာမက ဟောလိဝုဒ်အထိအောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာပါစေ အဝင်းရေ…


Source : Wiki,Win_morisaki_official
Moe – Cele Gabar
ဇော်ဂျီဖြင့်ဖတ်ရန်



ဂျပန်နိုင်ငံရဲ့အကယ်ဒမီရုပ်ရှင်ဆုပေးပွဲမှာ မျက်နှာသစ်သရုပ်ဆောင်ဆုရွေးချယ်ခံရတဲ့ မိုရီဆာကီဝင်း
မိုရီဆာကီဝင်းကတော့ စကားသံဝဲဝဲလေးနဲ့မြန်မာပရိသတ်တွေအဝင်းလိုချစ်စနိုးခေါ်ကြတဲ့ မြန်မာပြည်ဖွား အနုပညာရှင်တစ်ယောက်ပါ။အသက်ငယ်ငယ်လေးကတည်းက ဂျပန်နိုင်ငံကိုရောက်ရှိခဲ့သလို ဂျပန်နိုင်ငံမှာပဲ အခြေစိုက်ပြီးတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။အဝင်းကတော့မြန်မာပရိသတ်တွေ သည်းသည်းလှုပ်အချစ်ခံရတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။




မြန်မာနိုင်ငံမှာ ကြော်ငြာ၊ဓာတ်ပုံနဲ့ရုပ်ရှင်ဇာတ်ကားတွေအထိ မကြာခဏဆိုသလို ရိုက်ကူးနေရတဲ့သူလည်းဖြစ်ပါတယ်။မကြာခင်မှာရုံတင်တော့မယ့် ဂန္ဓဗ္ဗ ရုပ်ရှင်ဇာတကာ်းကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားသလို အိမ်မက်တွေမိုးထားတဲ့အိမ် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း နေခြည်ဦးနဲ့တွဲဖက်ပြီးပါဝင်ထားပါသေးတယ်။ဒါ့အပြင် မကြာသေးခင်ကဖျက်သိမ်းခဲ့တဲ့ PrimaX အမျိုးသားအဆိုတော်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။



မြန်မာပြည်မှာအာင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ သတ်မှတ်နိုင်သလို ဟောလိဝုဒ်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ရွေးချယ်ခံရဖူးပါတယ်။အဝင်းပါဝင်သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ်ဇာတ်ကားကတော့ Ready Player One ဖြစ်ပါတယ်။အခုဆိုရင်
ဂျပန်နိုင်ငံရဲ့အကယ်ဒမီရုပ်ရှင်ဆုပေးပွဲ(43rd Japan Academy Film Prize)မှာ မျက်နှာသစ်သရုပ်ဆောင်ဆု(Newcomer of the Year)ရွေးချယ်ခံရပြန်တာ ဖြစ်ပါတယ်။




ဒီဆုကိုတော့ ဂျပန်ဇာတ်ကားဖြစ်တဲ့ Listen to Universe နဲ့ရရှိတာဖြစ်ပါတယ်။အဝင်းရဲ့အောင်မြင်မှုတွေကိုလည်း မြန်မာပြည်ကပရိသတ်တွေကတော့ ဝမ်းသာနေကြတော့မှာပါ။ဂျပန်နိုင်ငံမှာသာမက ဟောလိဝုဒ်အထိအောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာပါစေ အဝင်းရေ…




Some text some message..