မင်းသားချောလေးကောင်းမြတ်စံကိုတော့ MRTV-4 က ပြသတဲ့ ဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်တွေသိကြမှာပါ။ပရိသတ်တွေကတော့ ပါးချိုင့်လေးတွေနဲ့မင်းသားချောလေး ကောင်းမြတ်စံကို ချစ်စရာကောင်းတဲ့အပြုံးလေးတွေအပြင် သရုပ်ဆောင်ကောင်းမွန်တာကြောင့်လည်း အချစ်ပိုကြပါတယ်။
အခုရက်ပိုင်းမှာဆိုရင် မဒီလေးတွေကတော့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Crash Landing On You ဆိုတဲ့ ဇာတ်ကားထဲမှာ မြောက်ကိုရီးယားနိုင်ငံက ဗိုလ်ကြီးအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားHyun Bin ကို သည်းသည်းလှုပ်ကြွေနေကြတာပါ။ဗိုလ်ကြီးဆိုပြီးကြွေနေကြတဲ့မဒီလေးတွေကို “မြောက်ကိုရီးယားက နည်းနည်းဝေးတယ်….မြန်မာပြည်က ဗိုလ်ကြီးဆိုရင်ရော?”လို့ ရဲဝတ်စုံဝတ်ထားတဲ့ပုံလေးနဲ့အတူ ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။
ဒါ့အပြင် ” ကြင်နာတတ်တယ်နော်” လို့လည်း ရေးထားပြန်ပါသေးတယ်။မိန်းကလေးပရိသတ်တွေကတော့ မြန်မာပြည်ကဗိုလ်ကြီးကိုလည်း ကြွေတဲ့အကြောင်းတွေ မှတ်ချက်ရေးသားထားကြပါသေးတယ်။ကောင်းမြတ်စံကတော့မြောက်ကိုရီးယားရောက်နေတဲ့နှလုံးသားလေးတွေကို မြန်မာပြည်ပြန်လာအောင်လုပ်လိုက်ပြန်ပါပြီ။ Cele Gabar ပရိသတ်ကြီးကရော မြောက်ကိုရီးယားကဗိုလ်ကြီးလား မြန်မာပြည်ကဗိုလ်ကြီးလား ဘယ်သူ့ကိုရွေးမှာလည်းနော်…
Source : KaungMyatSan
Moe – Cele Gabar
ဇော်ဂျီဖြင့်ဖတ်ရန်
မြောက်ကိုရီးယားရောက်နေတဲ့နှလုံးသားလေးတွေကို မြန်မာပြည်ပြန်လာအောင်လုပ်လိုက်တဲ့ ဗိုလ်ကြီးကောင်းမြတ်စံ