“(၂၀၀၀)ခုနှစ်တုန်းက ဆယ်တန်းကောင်မလေးတွေ ဝတ်တဲ့ အဝတ်အစားစတိုင်ကို မေးခွန်းထုတ်လိုက်တဲ့ နန်းစန္ဒာလှထွန်း”
celegabar.com
|
2020-01-14

နန်းစန္ဒာလှထွန်းကတော့ အလှမယ်တစ်ယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူတစ်ယောက်ပါ။MRTV-4 ရဲ့ဇာတ်လမ်းတွဲမင်းသမီးတစ်ယောက်အနေနဲ့ လူသိများလာတာဖြစ်ပြီး “ပဉ္စလက်ရွာ”၊ “အရိပ်”၊“ဝင်္ကပါရှင်းတမ်း”၊“ငွေစက္ကူခုနှစ်ရွက်” စတဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကြီးတွေမှာမှ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲမှာ “ရေဝတီ”ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်ရဲ့ရင်ထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ချစ်စရာမျက်နှာထားလေးနဲ့ ပရိသတ်ရဲ့အသဲနှလုံးကို ဆွဲကြုံးသိမ်းယူထားသူတစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ရှမ်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ကောင်တိုင်းကို သေချာဂရုစိုက်ပြင်ဆင်တတ်သူ နန်းစန္ဒာလှထွန်းကတော့ ပရိသတ်ကြီးဆီကအကြံလေးတစ်ခုတောင်းခံခဲ့တာပါ။အဲ့ဒါကတော့ “(2000) ခုနှစ်တုန်းက (၁၀)တန်းတက်နေတဲ့ ကောင်မလေးတွေ ဘယ်လိုဝတ်လဲဟင်..သာမန်မိန်းကလေးတစ်ယောက်ပေါ့ (မြန်မာဝတ်စုံလိုမျိုးနော်)” လို့မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ နန်းစန္ဒာလှထွန်းကတော့ ရေဝတီဇာတ်ကောင်လေးနဲ့လည်း လိုက်ဖက်မှုရှိပြီး အခုတစ်ဖန် ဆယ်တန်းကျောင်းသူပုံစံနဲ့ ပရိသတ်ရှေ့ကို ထပ်မံရောက်ရှိလာဦးမလားဆိုတာတော့ ပရိသတ်တွေမျှော်လင့်စောင့်စားရဦးမှာပါနော်။ရေဝတီလေး သိချင်နေတဲ့ (၂၀၀၀)ခုနှစ်တုန်းက ဆယ်တန်းကျောင်းသူလေးတွေ ဘယ်လိုပုံစံဝတ်သလဲဆိုတာ မှတ်ချက်ရေးပြီး ကူညီပေးလိုက်ကြပါဦးနော်။

Source – Nan Sandar Hla Htun
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Some text some message..