လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွက်အစိုးရိမ်ရဆုံး အခြေအနေတစ်ခုလို့သတ်မှတ်နိုင်တဲ့ကိစ္စတစ်ခုကတော့ အများသိကြတဲ့အတိုင်း ICJ ရဲ့တရားစွဲဆိုခြင်းကို ခံထားရတာဖြစ်ပါတယ်။ ဒီနေ့ကတော့ ဒုတိယနေ့ကြားနာမှုဖြစ်ပြီး အမေစုကို ဝန်းရံဖို့ တတ်နိုင်တဲ့သူတွေက နယ်သာလန်နိုင်ငံအထိ သွားရောက်ကြတဲ့သူတွေရှိသလို မြန်မာနိုင်ငံမှာလည်း လူထုနဲ့ တစ်ခဲနက်ထောက်ခံအားပေးခဲ့ကြတာဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ထိသွားရောက်အားပေးကြတဲ့သူတွေထဲမှာတော့ ပြည်သူသိအနုပညာရှင်တွေဖြစ်တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံနဲ့ မောင်မောင်အေး၊ပန်ဆယ်လို တို့က အုတ်တစ်ချပ်၊သဲတစ်မှုန်စာလေးပဲဖြစ်ဖြစ် အကူအညီဖြစ်နိုင်ဖို့သွားရောက်ခဲ့ကြတာပါ။ စမိုင်းလ်ကတော့ ကြားနာမှုပထမနေ့ကတည်းက ကိုယ်တိုင်ကိုယ်ကျ မလာရောက်နိုင်တဲ့သူတွေအတွက် ဖေ့ဘွတ်ခ် Live လွှင့်ပြီး မျှဝေပေးခဲ့တာဖြစ်ပါတယ်။
ဒီနေ့မနက်မှာတော့ ဒုတိယအကြိမ်ကြားနာမှုအနေနဲ့ မြန်မာနိုင်ငံဘက်မှ နူတ်ဖြင့်လျှောက်ထားခြင်း ပြုလုပ်ခဲ့တာဖြစ်ပြီး ICJ ရဲ့အပြင်ဘက်မှာတော့ အမေစုကိုဝန်းရံအားပေးနေတဲ့ မြန်မာများက ပဲပြုတ်နဲ့နံပြား ကျွေးမွေးခဲ့ကြတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့အမှတ်တရတစ်ခုဖြစ်တဲ့ ပဲပြုတ်နဲ့ နံပြားကို တန်ဖိုးရှိတဲ့အစားအစာတစ်ခုအနေနဲ့ ဗိုလ်ချုပ်မွေးနေ့စတဲ့ အမှတ်တရနေ့လေးတွေမှာ ကျွေးမွေးလာကြတာကလည်း မြန်မာလူမျိုးတွေရဲ့ချစ်စရာဓလေ့လေးတစ်ခု ဖြစ်လာခဲ့တာပါ။ သွားရောက်ဝန်းရံနေကြတဲ့သူတွေအတွက်လည်း ပဲပြုတ်နဲ့နံပြားအလှူဒါနလေးက မြန်မာ့သွေးတွေ ပြန်လည်နိုးထလာစေပြီး စိတ်သက်သာရာရစေခဲ့မယ်လို့ ထင်ပါတယ်။
Source – Smile စမိုင်းလ်
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်
“သွားရောက်ဝန်းရံနေသူတွေကို စိတ်ခွန်အားပေးနိုင်မယ့် ICJ ရှေ့မှ ပဲပြုတ်နဲ့ နံပြားအလှူဒါန”