“တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးမှာ သမီးလေးနဲ့အတူ ဆယ်ကျော်သက်အဆိုတော်တွေကိုပါပွဲထုတ်သွားမယ့်မီးမီးခဲ”
celegabar.com
|
2020-01-09

အဆိုတော်မီးမီးခဲကတော့ လာမယ့် ဇန်နဝါရီလ (၁၁)ရက်နေ့မှာ One Lady Show ပွဲလေးကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ကင်ဆာရောဂါဝေဒနာကို ခံစားနေရတဲ့ ကြားထဲက အနုပညာကို ဝါသနာကြီးလွန်းတာကြောင့် ဆရာဝန်ဆီခွင့်တောင်းပြီးမြန်မာနိုင်ငံကို ပြန်လာကာ အခုလို တစ်ကိုယ်တော် ရှိုးပွဲလေးကို ကျင်းပတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

မီးမီးခဲဟာ ကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး (၆)နှစ်တာကာလလောက်သီချင်းတွေမဆိုနိုင်ခဲ့တာကြောင့် အခုချိန်မှာ မြန်မာပြည်ကို ပြန်လာပြီး တစ်ကိုယ်ဖျော်ဖြေပွဲလေးကျင်းပကာ ပရိသတ်တွေနဲ့ ပြန်လည်တွေ့ဆုံခဲ့တာပါ။တစ်ကိုယ်တော်ရှိုးပွဲကြီးမှာတော့ သမီးလေးဖြစ်သူကိုပါ ပွဲထုတ်တဲ့ အနေနဲ့ ဝင်ရောက်ဖျော်ဖြေမှာဖြစ်တယ်လို့လည်း မီးမီးခဲက ပရိသတ်တွေကို အသိပေးထားပါသေးတယ်။

မီးမီးခဲက ဒီပွဲကြီးမှာ သမီးလေးအပြင် နောက်ထပ် ဆယ်ကျော်သက်တက်သစ်စအဆိုတော်လေးတွေဖြစ်တဲ့ “ငဲငယ်လေး၊အက်စတာဒွေး၊ဘားဘီ၊လာဒင့်ထားရီ၊မာသထူးဝါး”တို့ကပါ ဧည်သည်အဆိုတော်အနေနဲ့ လာရောက်ဖျော်ဖြေသွားမှာပဲဖြစ်ပါတယ်။ကဲ CeleGabar ပရိသတ်ကြီးရေ ဆယ်ကျော်သက် ပရိသတ်အချစ်တော်အဆိုတော်လေးတွေရဲ့ ဖျော်ဖြေမှုတွေကိုပါတွေ့မြင်ခံစားရမှာပါ။

Source – The Real Mee Mee Khel-မီးမီးခဲ
Chilli – CeleGabar
ဇော်ဂျီဖြင့် ဖတ်ရန်။

Some text some message..