“နာမည်ကြီးရုပ်သံကုမ္ပဏီတစ်ခုရဲ့ လိမ်လည်မှုကိုဖော်ထုတ်လိုက်တဲ့ ဖွေးဖွေး”
celegabar.com
|
2020-01-18

အကယ်ဒမီရွှေစင်ရုပ်ထု သုံးဆုကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်ရဲ့အချစ်တော်ဖွေးဖွေးကတော့ လက်ရှိအောင်မြင်ကျော်ကြားနေတဲ့ ကြယ်တစ်ပွင့်ပါ။Brand Ambassador အဖြစ်ကုမ္ပဏီတွေနဲ့လက်တွဲပြီး လုပ်ဆောင်နေသလို အနုပညာအလုပ်တွေနဲ့မအားလပ်သူတစ်ယောက်ပါ။ဖွေးဖွေးကတော့ ဒီနေ့မှာနာမည်ကျော်ကုမ္ပဏီကြီးတစ်ခုရဲ့ လူလည်ကျမှုတစ်ခုကို အများသိအောင်ဖော်ထုတ်ခဲ့တာပါ။

အဲ့ဒါကတော့ လက်ရှိမြန်မာနိုင်ငံမှာ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများအသုံးပြုနေတဲ့ Application တစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံအခြေစိုက် iflix ကုမ္ပဏီကနေ အကြွေးရရှိရန်ကျန်နေတဲ့အကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာမျှဝေခဲ့တာပါ။ “Dear iflix! For the Debts you have to give me…you are still on my mind… Don’t you think I m done with u coz I’m on my vacation” ဆိုတဲ့အင်္ဂလိပ်စာသားလေးနဲ့အတူ “ဘယ်တော့မှ ကိုယ်ကြောင့်လူတွေကို စိတ်ဒုက္ခမပေးချင်ဘူး… မထင်ထားတဲ့လူတွေက အဲ့လိုလုပ်တတ်တာလား… ဒါပေမယ့် ကိုယ်မှန်ရင်တော့ ခေါင်းငုံ့ခံနေလို့လည်း မရပြန်ဘူး..မြန်မာပြည်ကလူတွေကို အဲ့လိုလာလုပ်လို့ ရတာလားဟင်?” လို့ရေးသားပြီး မျှဝေခဲ့တာပါ။

ဆက်လက်ပြီးတော့လည်း စိတ်ပူနေကြမယ့်ပရိသတ်ကြီးအတွက် “ချစ် Darlings လေးတွေစိတ်မပူနဲ့နော် …iflix ကကျွန်မအပါအဝင် မြန်မာပြည်က အနုပညာရှင်အများစုကို ထိုက်သင့်တဲ့ စာချုပ်ကအတိုင်း အနုပညာကြေးများ မပေးချေသွားပါဘူး.. အမှန်တရားတစ်ခု ပြောသင့်ပြောပြထိုက်တာတစ်ခုကို ပြောပြအသိပေးရုံပါ…ဖွေး ဘာမှမဖြစ်ပါဘူး စိတ်ထားတတ်ပြီးသားပါ… သူ့တန်ဖိုးသူသတ်မှတ်တာပါ…ကိုယ်လဲကိုယ့်တန်ဖိုးနဲ့ကိုယ်ပါပဲ…အေးဆေး… တခြားမှန်ကန်ရိုးသားသူတွေနဲ့ အလုပ်တဝကြီးဆက်လုပ်ရဦးမှာမို့…မြန်မာပြည်မှာ နောက်ထပ် အဲ့လိုနိုင်ငံခြား company တွေလူလည်လာမကျနိုင်ဖို့ မြန်မာအချင်းချင်းတော့ စည်းလုံးဖို့လိုပါမယ်… ကိုယ့်ကို ကြားက ဆက်သွယ်အလုပ်လုပ်ခဲ့တဲ့ iflix ကဘယ်မြန်မာကိုမှလည်း နာမည်တတ်မပြောချင်တော့ပါဘူး” လို့အားပေးသူပရိသတ်ကြီးစိုးရိမ်နေမှာစိုးလို့ ထပ်မံရေးသားခဲ့ပါသေးတယ်။

ဖွေးဖွေးကတော့ နိုင်ငံခြားကုမ္ပဏီတွေ နောက်တစ်ခါမြန်မာနိုင်ငံကို ထပ်ပြီးလူလည်ကျလို့မရအောင် အချင်းချင်းစည်းလုံးနိုင်ဖို့အတွက် သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။

Source – Phway Phway
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Some text some message..