နိုင်ငံကျော်အဆိုတော် ရဲလေးကတော့ ဇန်နဝါရီလ(၁၁)ရက်နေ့ဖြစ်တဲ့ ယနေ့မှာတော့ အသက်(၃၆)နှစ်ပြည့်သွား ပြီလည်းဖြစ်ပါတယ်။ သူဟာ (၂၀၀၂)ခုနှစ်လောက်ထဲက အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ကာ ယနေ့အချိန်အထိ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုရရှိထားပြီ ဆယ်စုနှစ်တစ်ခုကျော် အောင်မြင်မှုထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ရဲလေးဟာ (၂၀၀၅)ခုနှစ်မှာပဲ သူကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ “ထိပ်ဆုံးမှာအမေ”၊ “ပြောမထွက်ခဲ့သူ” သီချင်းတွေနဲ့ အောင်မြင်မှု အခိုင်အမာရရှိခဲ့ပြီး ဒီသီချင်း(၂)ပုဒ်ကတော့ ပရိသတ်တွေရဲ့ အကြိုက်သီချင်းတွေဖြစ်ခဲ့ပါတယ်။
ရဲလေးဟာ (၂၀၀၅)ခုနှစ်ထဲမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ နိုင်ငံကျော်အဆိုတော်မင်းသား စိုင်းစိုင်းခမ်းလှိုင်၊ ချစ်သုေ၀ ၊ပြည့်ဖူးခိုင် တို့နဲ့အတူ ဒါရိုက်တာဇော်ကိုကို ရိုက်ကူးတဲ့ “နေတစ်ခြမ်း လတစ်ခြမ်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ရဲလေးရဲ့ အအောင်မြင်ဆုံး တေးစီရီးတွေကတော့ အိမ်၊ တတိယကာရန် တို့ဖြစ်ပြီး သူ့ရဲ့ထွက်ရှိခဲ့သမျှ သီချင်းတိုင်းဟာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကိုရရှိခဲ့ပါတယ်။ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးစတင်ကျင်းပခဲ့တဲ့ Myanmar Idol Season (1) ပြိုင်ပွဲကြီးမှာ ဒိုင်တစ်ဦးအနေဖြင့်ပါဝင်ခဲ့တဲ့အပြင် Myanmar Idol Theme Song ဖြစ်တဲ့ ပျော်ပါစေသူငယ်ချင်း သီချင်းနဲ့ Winner Song ဖြစ်တဲ့ “မင်းသိနိုင်မလား” သီချင်းကိုလည်း ရေးစပ်ပေးခဲ့ပါသေတယ်။
CeleGabar ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် နိုင်ငံကျော်အဆိုတော် ရဲလေးကတော့ မထင်မှတ်ထားလောက်အောင်နုပျို နေတာဖြစ်ပြီး ဒီနေ့လေးကတော့ သူ့ရဲ့(၃၆)နှစ်ပြည့်မွေးနေ့လေးဖြစ်တာမို့ ပရိသတ်တွေကလည်း မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ဦးနော်။
Source: Ye Tun Win
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
“မထင်မှတ်ထားအောင်နုပျိုနေတဲ့ အဆိုတော်ရဲလေးရဲ့ (၃၆)နှစ်ပြည့်မွေးနေ့”