Myanmar Idol Season (4)ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ Moolerကတော့ ပြိုင်ပွဲကြီးပြီးဆုံးသွားပြီးနောက်မှာတော့ ဖျော်ဖြေရေးပွဲတွေကို ဆက်တိုက်ဆိုသလို ဖျော်ဖြေနေရတာလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း Mooler ကတော့ မြောင်းမြမြို့ အ ထ က (၃)ကျောင်းရဲ့ ဆရာကန်တော့ပွဲမှာ သွားရောက် ဖျော်ဖြေပေးခဲ့ရပါတယ်။
မြောင်းမြမြို့မှာ သွားရောက်ဖျော်ဖြေပေးခဲ့ချိန်မှာတော့ မြောင်းမြမြို့က မူလီလေးတွေရဲ့ အားပေးကြမ်းကြတဲ့ အကြောင်းလေးကို “ချစ်သော မမ (မမ = မြောင်းမြ) မြောင်းမြ အ ထ က (၃) ဆရာကန်တော့ပွဲမှာ မြောင်းမြတစ်မြို့လုံးက မူလီများစွာနဲ့ တွေ့ဆုံ ဖျော်ဖြေခွင့်ရခဲ့လို့ အထူးကျေးဇူးတင်ပါတယ်ခဗျာ။မေတ္တာလက်ဆောင် အဖြစ် လက်စွပ် ဆုချီးမြှင့်ပေးသော ဆရာမနှင့်တကွ အခြား အခြားသော လက်ဆောင်များစွာအတွက် မြောင်းမြသူ မြောင်းမြသားများ အားလုံးကို အမြဲရင်ထဲမှာ မှတ်သားထားပါမယ်”ဆိုပြီး သူရဲ့လူမှုကွန်ရက်စာမျက်နာကနေဖော်ပြလာတာပဲဖြစ်ပါတယ်။
Mooler ကတော့ အားပေးကြမ်းလွန်းတဲ့ မြောင်းမြမြို့က ပရိသတ်တွေကို ရင်ထဲမှာ အမြဲတမ်းအမှတ်ရနေရုံသာမက နောက်နောင်များမှာလည်း ထပ်မံပြီးတော့ ဆုံတွေ့ချင်ပါသေးတယ် လို့လည်း ဖော်ပြထားခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ Mooler လေးကတော့ သူရဲ့ ပရိသတ်မူလီလေးတွေရဲ့ အားပေးကြမ်းမှုကို ခံစားသိမြင်ပြီး မူလီလေးတွေကို အမြဲအလေးထားတာပဲနော်။
Source – Saw Chris Mooler-မူးလာ
Chilli – CeleGabar
ဇော်ဂျီဖြင့် ဖတ်ရန်။
“မြောင်းမြမြို့ကပရိသတ်တွေရဲ့ အားပေးကြမ်းပုံကို ပြောပြလာတဲ့ Mooler”