“မထင်မှတ်ထားလောက်အောင် အသက် (၁၉)နှစ်ပြည့်သွားပြီဖြစ်တဲ့ အိစိကွေး”
celegabar.com
|
2020-01-21

အိစိကွေးကတော့ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးနေစရာမလိုလောက်အောင်ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ ပရိသတ်တွေ ချစ်ခင်ခဲ့ရတဲ့ ဒီကလေးသရုပ်ဆောင် အိစိကွေးဟာဆိုရင် ဒီနေ့(2020)ခုနှစ် ဇန်နဝါရီလ (၂၁)မှာတော့ အသက် (၁၉)နှစ် တိတိပြည့်မြောက်သွားပြီပဲဖြစ်ပါတယ်။

အိစိကွေးကတော့ ငယ်စဉ်ကလေးဘဝကတည်းက အသက်အရွယ်နဲ့ မလိုက်အောင်ကို သရုပ်ဆောင်ကောင်းလွန်းလှပြီးပရိသတ်တွေရဲ့ ရင်ထဲကအချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်အနေနဲ့လည်း သီချင်းတွေကို သီဆိုကာ အနုပညာအလုပ်တွေကို ပိုမိုကြိုးစားလုပ်ကိုင် နေတာကိုလည်း တွေ့ရပါတယ်။

အိစိကွေးက ဒီနေ့ကျရောက်တဲ့ အသက်(၁၉)နှစ်ပြည့် မွေးနေ့ရက်လေးကို တော့ ဘုရားသွားရောက်ကာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး ဖြတ်သန်းခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရေ အိစိကွေးရဲ့ ပရိသတ်တွေကတော့ အိစိကွေးလေး ဒီနေ့ (၁၉)နှစ်ပြည့်မွေးနေ့ကနေစပြီး နောင်နှစ်ပေါင်းများစွာ အသက်ရှည်ကျန်းမာပြီး အောင်မြင်မှုတွေများစွာရရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင်လည်း ဆုတောင်းပေးနေကြပါသေးတယ်။

Source – Eisi Kway
Chilli – CeleGabar
ဇော်ဂျီဖြင့် ဖတ်ရန်။

Some text some message..