“ပရိသတ်တွေရှေ့ကို ဇာတ်လမ်းတွဲအသစ်နဲ့ထပ်မံရောက်ရှိလာဦးမယ့် အောင်မြင့်မြတ်”
celegabar.com
|
2020-01-22

အောင်မြင့်မြတ်ကတော့ ပရိသတ်တွေစိတ်ဝင်တစားစောင့်ကြည့်အားပေးခဲ့ရတဲ့ အိပ်မက်ဆုံရာ Season-5 ရဲ့ winner ဖြစ်ပြီးတော့ သီချင်းကောင်းပေါင်းများစွာကိုလည်း ကိုယ်တိုင်ရေးစပ်ခဲ့သူတစ်ယောက်ပါ။အိပ်မက်ဆုံရာပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့အောင်မြင့်မြတ်ဟာ ဒုတိယခြေလှမ်းအနေနဲ့ သရုပ်ဆောင်ဘက်ပိုင်းကိုပါလုပ်ကိုင်လာသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူ့ရဲ့ပထမဆုံးဇာတ်လမ်းတွဲအနေနဲ့ Canal+ မှာပြသခဲ့တဲ့ စာမျက်နှာသစ် Season 1,2 ပါဝင်ရိုက်ကူးခဲ့ပြီး ပျောက်ဆုံးနေသောအမှန်တရားဇာတ်ကားမှာလည်း ပါဝင်ခဲ့တာမို့ အခုရိုက်ကူးမယ့် အဖြူရောင်သက္ကရာဇ် ဇာတ်လမ်းတွဲကတော့ သူ့အတွက် စတုတ္ထမြောက်ဇာတ်လမ်းတွဲလို့ဆိုရမှာပါ။ဒီနေ့မှာတော့ ရွှေတိဂုံဘုရားပေါ်မှာဒီဇာတ်လမ်းတွဲအတွက် ကန်တော့ပွဲပေးခဲ့တာဖြစ်ပြီး အောင်မြင့်မြတ်ကတော့ “စတုတ္ထမြောက်ဇာတ်ကားမှာ ပေးထားတဲ့ကောင်းမွန်တဲ့ ဇာတ်ကောင်နေရာမှာ အကောင်းဆုံးကြိုးစားသွားပါမယ်ခင်ဗျာ.. ဒီဇာတ်ကောင်အတွက် ယုံကြည်ပေးပြီးပါဝင်စေခဲ့တဲ့ ကျေးဇူးတင်ထိုက်သူ တစ်ယောက်မကျန်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ” လို့သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားကာ ကျေးဇူးတင်စကားဆိုခဲ့တာဖြစ်ပါတယ်။

အောင်မြင့်မြတ်ကတော့ လက်ရှိအချိန်မှာနာမည်ရနေတဲ့ UNI4E ယောက်ျားလေးအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့အပြင် ပင်တိုင်တေးရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ပင်ကိုယ်အရည်အချင်းအပြည့်အဝရှိတဲ့ အောင်မြင့်မြတ်ကိုတော့ တေးရေး၊တေးဆိုတစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ပရိသတ်တွေကအားပေးကြတာမို့ မကြာခင်မှာလည်း သူ့ရဲ့စတုတ္ထမြောက်ဇာတ်လမ်းတွဲကြီးကိုလည်း ကြည့်ရှုအားပေးရတော့မှာဖြစ်ကြောင်း ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် သတင်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Aung Myint Myat
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Some text some message..