မင်းသားချောကျော်ဆုကတော့ အခန်းနံပါတ်? ရုပ်သံဇာတ်လမ်းတွဲမှာ အဘဗညားအဖြစ် သရုပ်ဆောင်ခဲ့စဉ်ကအခက်အခဲတွေကို “ဒီမျက်နှာကြီးကိုစိတ်နာတယ်… တစ်ခါပြင်ရင် (၂-၃)နာရီလောက်ကြာတယ်.. အထဲမှာလှောင်ပြီး ချွေးတွေရွှဲနေရော… အစားစားရင်လဲမြုံစိမြုံစိနဲ့… ဘာမှသေချာမစားရဘူးပေါ့ , ဒါပေမယ့်ငါဒီလိုတွေလုပ်ခဲ့ဖူးပါလားလို့ပြန်တွေးတိုင်းပျော်ရပါတယ် လုပ်ခွင့်ပေးခဲ့တဲ့သက်ဆိုင်သူတွေအားလုံးကိုလဲကျေးဇူးတင်မိတယ်… Special make -up effect (ရူပါYup Parနဲ့တိတ်တိတ်Tate Tate ) ကိုလဲ ကျေးဇူးပါ အခုလိုနှာဘူးအဖိုးကြီးပုံလေးဖန်တီးပေးတဲ့အတွက်” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
လက်ရှိပြသနေဆဲ အက်ရှင်ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “အခန်းနံပါတ်?”ရုပ်သံဇာတ်လမ်းတွဲထဲမှ ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ ဗညားဟာ ရဲတွေလက်မှလွတ်မြောက်ရန် ငယ်ရွယ်တဲ့ဗညားအဖြစ်မှ အသက်အရွယ်ကြီးမြင့်တဲ့ သစ်သီးပို့တဲ့ ဗညားအဖြစ် ရုပ်ဖျက်ခဲ့တာဖြစ်ပါတယ်။ ကျော်ဆုရဲ့ ရပ်သံဇာတ်လမ်းတွဲထဲမှာ ရုပ်ဖျက်ရုံမက အသံကိုပါ တောင်ပေါ်သား အဘတစ်ယောက်အသံကိုပါ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကိုတော့ ပရိသတ်တွေကတော့ သဘာဝကျလွန်းတဲ့လေယူလေသိမ်းကို ချစ်ခင်သဘောကျနေကြတာလည်းဖြစ်ပါတယ်။
CeleGabar ပရိသတ်ကြီးရေ လက်ရှိပြသနေဆဲဖြစ်တဲ့ အခန်းနံပါတ်? ရုပ်သံဇာတ်လမ်းတွဲကိုတော့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့ပြီး မင်းသားချော ကျော်ဆု၊ ရန်လင်းအောင်၊ ဝင်းယမုံနိုင်၊ မြနှင်းရည်လွင်၊ နေခြည်ရွှန်းလက် တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်။
Source: Kyaw Su
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
“အဘဗညားအဖြစ် သရုပ်ဆောင်ခဲ့စဉ်ကအခက်အခဲတွေကိုပြောပြလာတဲ့ မင်းသားချော ကျော်ဆု”