အိမ်ထောင်ပြုရင်ကောင်းမလား single ဘဝနဲ့တစ်သက်လုံးနေရင်ကောင်းမလား ဆိုပြီးတွေးနေတဲ့ လုလုအောင်
myanmarload.com
|
2020-01-27
ပုရိသတွေရဲ့အသည်းစွဲလေးတစ်ယောက်ဖြစ်တဲ့ လုလုအောင်ကတော့ သူမရဲ့အလှအပတွေကြောင့် ပရိသတ်တွေကစတင်သတိထားမိလာကြပြီး အားပေးဝန်းရံလာကြတာဖြစ်ပါတယ်။လုလုအောင်ကို သူမရဲ့ချစ်ပရိသတ်တွေက ခေးကြီးလုလို့ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို အားပေးနေကြတာပါနော်။လုလုအောင်ကလည်း ကြော်ငြာတွေလည်းလက်ခံရိုက်ကူးပြီး ပွဲတွေလည်းတက်ရောက်နေတာဖြစ်ပါတယ်။
လုလုအောင်က ချစ်စရာသမီးလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး သမီးလေးအတွက် မားမားမတ်မတ်ရပ်တည်ပြီးကြိုးစားဆောင်ရွက်နေတဲ့ မိခင်တစ်ယောက်ပါနော်။လုလုအောင်က အလုပ်တွေလည်းကြိုးစားလုပ်ဆောင်သလို သမီးလေးကိုလည်းအချိန်ပေးပြီး သားအမိနှစ်ယောက် ခရီးတွေတူတူသွားလာကြပါတယ်။လုလုအောင်ကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ပြီး တစ်ခဲနက်အားပေးကြတာပါနော်။
လုလုအောင်ကတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာ ရင်ခုန်စရာပုံရိပ်လေးတွေကို အမြဲတမ်းလိုလိုမျှဝေနေကျဖြစ်ပါတယ်။သူမရဲ့စွဲမက်စရာအလှတရားလေးတွေကလည်း ပုရိသတွေရဲ့ရင်ခုန်သံကို ထိန်းချုပ်လို့မရအောင်ပြုစားနိုင်စွမ်းရှိပါတယ်နော်။အခုဆိုရင်လည်း လုလုအောင်က"အိမ်ထောင်ပြုရင် ကောင်းမလား single ဘဝနဲ့ တစ်သက်လုံး နေရင် ကောင်းမလား ဆိုပြီးတွေးနေတာ"လို့ ရေးသားထားကာ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ပုံရိပ်လေးနဲ့အတူ မျှဝေလာတာဖြစ်ပါတယ်။
#လုလု
#သမီးလေး
#ပုံရိပ်
#ပရိသတ်
#စနိုး
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်