ပန်းဖြူကတော့ တစ်ခေတ်တစ်ခါတုန်းကအောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်အနေနဲ့ရပ်တည်ခဲ့ပြီး (၁၉၉၇)ခုနှစ်မှာ အရိပ်ဇာတ်ကားနဲ့အကယ်ဒမီဆုကြီးကို ရယူနိုင်ခဲ့သူပါ။အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ခင်ပွန်းဖြစ်သူနဲ့ပဲ အလုပ်တွေအတူတူလုပ်ဖြစ်နေပြီး အနုပညာအလုပ်တွေနဲ့ အဆက်ပြတ်နေခဲ့တာဖြစ်ပါတယ်။
လတ်တလောမှာ ပန်းဖြူကတော့ မကြာသေးခင်အချိန်က ရဟတ်ယာဉ်မှောက်ပြီးဆုံးပါးသွားတဲ့ ဘတ်စကတ်ဘောကစားသမား Kobe ကြောင့် စိတ်မကောင်းဖြစ်နေခဲ့တာပါ။Kobe နဲ့ပတ်သက်ပြီး “သူကစားတာ အပြင်မှာ အနီးကပ်မြင်ချင်လို့ (၆)လလောက် လက်မှတ်ကြိုဝယ်ပြီးသွားကြည့်ခဲ့ရတာ.. R.I.P Kobe” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။Kobe ကတော့ ကမ္ဘာကျော်ဘတ်စကတ်ဘောကစားသမားတစ်ယောက်ဖြစ်ပြီး ဆုတံဆိပ်တွေများစွာရရှိထားသူပါ။သူဟာ(၂၀၁၆)လောက်မှာ ကစားသမားဘဝကိုရပ်နားခဲ့ပြီး အခုအချိန်မှာ အသက်(၄၁)နှစ်သာရှိသေးပေမယ့် ဒေါ်လာသန်း(၄၀၀)ခန့် ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ဒီရဟတ်ယာဉ်တိမ်းမှောက်မှုမှာတော့ သူနဲ့အတူ သူ့ရဲ့အသက်(၁၃)နှစ်အရွယ်သမီးလေးလည်း ပါခဲ့တာကြောင့် တစ်ကမ္ဘာလုံးကပရိသတ်တွေများစွာစိတ်မကောင်းဖြစ်ခဲ့ရတာပါ။
ဒီထဲမှာတော့ ပန်းဖြူတစ်ယောက်လည်း ပါဝင်ခဲ့ပြီး သူကိုယ်တိုင်အားပေးပြီး အရမ်းကြိုက်ခဲ့ရတဲ့သူတစ်ယောက် မထင်မှတ်ဘဲ ဆုံးပါးသွားတာကြောင့် ဝမ်းနည်းကာ သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
Source – Pan Phyu
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်
“မိမိအလွန်သဘောကျခဲ့ရတဲ့ ကစားသမားဆုံးပါးသွားတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ပန်းဖြူ”