“စိုးနဲ့ဖူးဝေတို့ ထိပ်တိုက်တွေ့ဆုံကြဦးမယ့် သရဖူ ရုပ်သံဇာတ်လမ်းတွဲ”
celegabar.com
|
2020-02-01

မကြာသေးခင်က ပြီးဆုံးသွားခဲ့တဲ့ “နွေလယ်ညရဲ့လမင်း” ဇာတ်လမ်းတွဲကိုတော့ ပရိသတ်တွေများစွာနှစ်ခြိုက်ခဲ့ကြမယ်လို့ထင်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ပရိသတ်တွေချစ်ခင်ခဲ့ရတဲ့ ခြူးလေးကိုလည်း ပီပြင်တဲ့ဗီလိန်ဇာတ်ရုပ်နဲ့တွေ့မြင်ခဲ့ရမှာဖြစ်ပြီး မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်ရဲ့အချစ်ကိုများစွာသိမ်းပိုက်ခဲ့တဲ့ ဖူးဝေလေးကိုလည်း အချစ်ပိုခဲ့ကြမှာ အမှန်ပါပဲ။

ခြူးလေးကတော့ ဒီဇာတ်လမ်းတွဲထဲမှာ စိုးစန္ဒာအဖြစ်ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့တဲ့အပြင် ဝေဖန်မှုတစ်ချို့လည်းရှိခဲ့တာကြောင့် သူကတော့ ခြူးကိုမမုန်းပါနဲ့ စိုးကိုပဲမုန်းကြပါလို့ ပြောရတဲ့အထိ ဇာတ်ကောင်စရိုက်ပီပြင်ခဲ့တာပါ။ဒါ့အပြင် စိုးနဲ့ဆန့်ကျင်ဘက်ကာရိုက်တာအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ သံသာညီကတော့ ပရိသတ်သနားစဖွယ်ဖြစ်အောင် ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် မျက်နှာသစ်တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့အသိမှတ်ပြုအားပေးခြင်းကို ရရှိခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ ရိုက်ကူးတော့မယ့် သရဖူဇာတ်လမ်းတွဲမှာလည်း နှစ်ယောက်စလုံးပြန်လည်ပါဝင်မှာဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာတော့ ခြူးလေးက ရိုးရိုးအေးအေးကောင်မလေးအနေနဲ့ဖြစ်ပြီး သံသာညီကတော့ လူငယ်ပုံစံတက်ကြွတဲ့ကောင်မလေးနေရာကနေ သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။သရဖူဇာတ်လမ်းတွဲထဲမှာတော့ သူတို့နှစ်ယောက်က ဆန့်ကျင်ဘက်ကာရိုက်တာတွေနဲ့ ပြန်လည်တွေ့ဆုံကြမှာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတွဲကြီးမရိုက်ကူးခင် ကြိုတင်ပြင်ဆင်နေတဲ့ပုံရိပ်တချို့ကိုမျှဝေပေးလိုက်ပါတယ်နော်။

Source – FG Series Production
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Some text some message..