ဝေဖန်တိုက်ခိုက်သူတွေအပြင် troller တွေကိုပါ ကျေးဇူးတင်စကားဆိုလိုက်တဲ့ နေခြည်ဦး
popolay.com
|
2018-09-25

Beauty blogger နေခြည်ဦးလို့ဆိုလိုက်တာနဲ့ ချစ်စဖွယ်ဟန်ပန်အမူအယာလေးနဲ့ ဟန်ဆောင်မှုမရှိအရှိကိုအရှိတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်သူလေးတစ်ယောက်ကို ပြေးမြင်မိမှာအမှန်ပါပဲနော်။ သူမကိုယ်တိုင်ကအလှအပကိုမြတ်နိုးသူတစ်ယောက်ဖြစ်ပြီး မိန်းကလေးတိုင်းအတွက် ဗဟုသုတရစေမယ့်အရေးပါတဲ့အလှအပရေးရာအကြောင်းများကိုအကောင်းဆုံးတင်ဆက်ပေးလေ့ရှိသူလဲဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရတာကို နှစ်သက်တဲ့နေခြည်ဦးတစ်ယောက် မကြာခင်ရက်ပိုင်းက သူမရဲ့အခန်းလေးကိုလှပစွာပြောင်းလဲပြင်ဆင်ထားပုံတွေကို ပရိသတ်တွေကြားချပြပြီးနောက် ဝေဖန်မှုတွေကို ခံနေရတာပဲဖြစ်ပါတယ်။ နာမည်ကြီး ဆယ်လီတစ်ယောက်ဖြစ်တာနဲ့အညီ လှုပ်ရှားမှုတိုင်းကို မျက်စိဒေါက်ထောက်ကြည့်နေကြသူတွေကြောင့် ပြောဆိုဝေဖန်မှုတွေနဲ့ တိုက်ခိုက်မှုတွေလုပ်နေကြတဲ့ Troller တွေကို ခြည်ခြည်က ကျေးဇူးတင်စကားလေးဆိုလိုက်ပါတယ်။ သူမအခန်းလေးကို ချပြလိုက်တာနဲ့ပတ်သက်ပြီး Troll လုပ်ကြသူတွေကို ကျေးဇူးတင်တဲ့အကြောင်းကိုအင်တာဗျူးတစ်ခုကနေ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။













သူမရဲ့အခန်းကိုအမြင်လွဲသွားအောင် ရိုက်ပြခဲ့တာမဟုတ်ဘူးဆိုတဲ့အကြောင်းကို “အမြင်လွဲသွားတယ်လို့ပြောရအောင်လဲ နေခြည်ကအမြင်လွဲအောင် တင်တာမဟုတ်ဘူးပေါ့နော်။အစတည်းက ဒီပစ္စည်းတွေက ဘယ်လောက်တန်ပါတယ်၊ ဒါကြီးက ဘယ်လောက်တန်တယ်ဆိုပြီး ပြခဲ့တာမဟုတ်ဘူး။ နေခြည်ပြတာကအကျီၤလေးတွေကို ဘယ်လိုရှင်းရှင်းလေးထားတယ်၊အဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရတယ်ဆိုတာပြရင်းနဲ့ ပိုက်ဆံအိတ်တွေ ထားတာကို ပြောပြတယ်။ ပြောရင်း စကားမှားသွားသလိုမျိုးတော့ဖြစ်သွားတယ်။ မှားတာမဟုတ်ပဲ မှားသွားသလိုမျိုးဖြစ်သွားတာကိုတော့ ကိုယ့်စိတ်ထဲမှာ ကိုယ်သိလိုက်တယ်။အဲ့တာကို တစ်ခါတည်း ဗီဒီယိုထဲမှာပြန်ရှင်းပြထားတယ်။ ဒါပေမယ့် ဒါကိုဖြတ်ပြီးတော့တင်ပြီး နေခြည်ဦးကဒီလိုမျိုးပြောတယ်ဆိုပြီးပြောတော့ ဒါတမင်သက်သက်လုပ်တာမှန်းသိသာပါတယ်”













“ဒါပေမယ့် ဒါကိုပဲမြင်လိုက်ကြတဲ့သူတွေ၊ နေခြည့်ကိုအပြစ်ရှာနေတဲ့သူတွေ၊ ဝေဖန်မယ့်သူတွေကတော့အခွင့်ကောင်းရသွားတာပေါ့နော်။ သူတို့မှာ နေခြည့်ကိုအရမ်းမပြောရတာလဲကြာနေပြီဆိုတော့အခွင့်ကောင်းယူပြီးတော့ နေခြည်ဦးကကြွားတယ်၊ သူလုပ်လို့ပဲ ဒီ brand ကသိရတယ်ဖြစ်သေး မျိုးစုံပြောကြတာပေါ့နော်။ ဘာပဲဖြစ်ဖြစ်နေခြည့်ဘက်က ရလဒ်ကတော့ Viewers တွေအရမ်းတိုးတယ်။ Chilliesအကုန်လုံးက သူတို့ကြည့်ချင်တဲ့အခန်းလေးကို ကြည့်ခွင့်ရခဲ့တယ်။ ပြီးတော့မိန်းကလေးတော်တော်များများကို မိန်းကလေးအခန်းက ဒီလိုမျိုးလားဆိုပြီး Inspire လုပ်နိုင်မယ်လို့ နေခြည်ထင်တယ်။အဲ့ဒီ့အတွက် ဒီလိုဝေဖန်မှုတွေလောက်က လျစ်လျူရှုနိုင်ပါတယ်” ဆိုပြီးအမြင်လွဲကာဝေဖန်ခံနေရမှုတွေအကြောင်းကို ပြောကြားထားတာဖြစ်ပါတယ်။













ဝေဖန်တိုက်ခိုက်မှုတွေကြောင့်အဆိုးထဲက ရလဒ်ကောင်းတွေရရှိလိုက်တဲ့ ခြည်ခြည်က ဝေဖန်တိုက်ခိုက်သူတွေအပါအဝင် Troll လုပ်ကြတဲ့ troller တွေကိုပါ ကျေးဇူးတင်တဲ့အကြောင်းကို “ဘေးလူတွေပြောလို့ နေခြည့်အတွက်က ဘာမှမပျက်စီးသွားဘူး။ လူပြောစရာတစ်ခုပဲ ဖြစ်သွားတာပေါ့နော်။ ကိုယ့်အတွက်ကတော့ နာမည်လဲမပျက်ဘူး၊ သိက္ခာလဲမကျဘူး။ ကိုယ့်လမ်းကိုယ်ဆက်လျှောက်နေတဲ့အတွက် ကိုယ့်ကိုချစ်တဲ့သူတွေလဲ ပိုများလာသလို မုန်းတဲ့သူတွေလဲရှိမှာပေါ့။အဲ့အတွက်တော့ ဒါကကိုယ့်ရဲ့အလုပ်ကပါလာတယ့်အကြောင်းအရာတစ်ခုလို့ပဲခံယူထားတယ်။ ဝေဖန်တဲ့သူတွေအကုန်လုံးကိုလဲ ကျေးဇူးအများကြီးတင်တယ်လို့ပြောချင်တယ်။ ဘာလို့ဆို ဝေဖန်ဖို့အတွက် နေခြည့်အကောင့်ကို ဝင်ကြည့်ရတယ်၊ Beauty by Naychi ထဲကို ဝင်ရတယ်၊ Story ကိုကြည့်ရတဲ့အတွက် Viewers တွေတက်တယ်အဲ့တော့ နေခြည့်လုပ်ငန်းတွေပေါက်ရောက်တယ်။ ဝေဖန်မှုတွေကိုကျေးဇူးတင်တယ်။ ကိုယ့်ကိုချစ်ပြီးအားပေးတဲ့သူတွေကို ပိုပြီးကျေးဇူးတင်တယ်”













“နေခြည်က Beauty blogger ဖြစ်တဲ့အတွက် Before & After လုပ်ရတာကိုအရမ်းဝါသနာပါတယ်။အမြဲတမ်း changes တွေလုပ်ရတာကိုအရမ်းဝါသနာပါတယ်။အဲ့တာကြောင့်လဲ ဒီလိုမျိုးတစ်နေရာကိုရောက်လာတာလို့ထင်တယ်။ နေခြည်ပေးတဲ့ Honest review တွေကြောင့်လည်း လူတွေပိုသိလာတယ်။အဲ့ကနေတစ်ဆင့် troll လုပ်လို့လဲ နေခြည် ပိုပြီးလူသိလာတဲ့အတွက်လည်း troller တွေကိုကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောကြားသွားပါတယ်။















Source_MC






Some text some message..