နယ်ဖျော်ဖြေပွဲတွေမှာကြုံတွေခဲ့ရတဲ့ အခက်အခဲအမှတ်တရတွေကိုပြောပြလာတဲ့ ပိုးကြာဖြူခင်
myanmarload.com
|
2020-02-07



ပရိသတ်အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ MRTV-4 သရုပ်ဆောင်မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ သရုပ်ဆောင်ပိုင်းမှာ အောင်မြင်နေသလို အဆိုပိုင်းမှာလည်း ပရိသတ်တွေ တခဲနက် အားပေးဝန်းရံကြသူလေးပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းပြီး အေးချမ်းတဲ့အလှတရားတွေနဲ့ အမြဲအချစ်ပိုစေတဲ့ ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေအပေါ်မှာလည်း လေးစားချစ်ခင်တတ်ဘူး ဘယ်လောက်အခက်အခဲတွေပဲ ရှိရှိ နယ်ဖျော်ဖြေပွဲတွေကိုလည်း အတက်နိုင်ဆုံး သွားရောက်ဖျော်ဖြေနေတာလည်း ပရိသတ်တွေ တွေ့မြင်ကြမှာပါနော်..။





အားလုံးရဲ့အချစ်တော်လေး ပိုးကြာဖြူခင်ကတော့ နယ်ဖျော်ဖြေပွဲတွေမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ အမှတ်တရလေးတွေအပြင် ပရိသတ်တွေအပေါ် သူမရဲ့ချစ်စိတ်လေးတွေကို ချစ်စဖွယ်လေး ပြောပြလာပါတယ်နော်..။

သူမကိုယ်တိုင်ကလည်း ကိုယ်တိုင်လည်း သီချင်းဆိုရတာ အရမ်းဝါသနာကာ အဆိုတော်လည်း ဖြစ်ချင်တော့ ပရိသတ်တွေက အဆိုတော်တစ်ယောက်အနေနဲ့ပါမြင်ပြီး အားပေးတဲ့အတွက်လည်း ဝမ်းသာတဲ့အကြောင်းလေးကိုလည်း ပြောပြထားပါတယ်နော်..။





ပိုးလေးကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲရှိတယ်ဆိုပေမယ့် ပရိသတ်တွေက သူမကို ဇာတ်လမ်းတွဲတွေနဲ့ အရမ်းအားပေးကြပြီး သူတို့တောင် ကိုယ့်ကိုအားပေးကြတာ ကိုယ်က ဘာလို့ မသွားနိုင်ရမှာလဲဆိုတဲ့စိတ်နဲ့ ဘယ်လောက်ပဲခက်ခဲခက်ခဲ ဘယ်လောက်ပဲဝေးဝေး ဖျော်ဖြေပွဲတွေ သွားဖြစ်တယ်ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်နော်..။

“တချို့ကကျတော့ ပရိသတ်တွေကိုကြောက်ကြတယ်ပေါ့နော် တကယ်တမ်းတော့ ဒါက ကြောက်စရာမဟုတ်ဘူး ချစ်တာလေ ချစ်တယ်ဆိုတော့ ကိုယ်ကလည်း ချစ်တဲ့စိတ်နဲ့ပြန်ပြီး နားလည်ပေးလိုက်ပေါ့ သူတို့ကကိုယ့်ကို ချစ်ကြတဲ့အတွက် ဘယ်တော့မှကိုယ့်ကို နာကျင်အောင်လုပ်မှာ မဟုတ်ဘူး အဲ့ဒီစိတ် အဲ့ဒီယုံကြည်ချက်နဲ့ပဲ ပွဲတိုင်းကို ဖျော်ဖြေခဲ့တယ်..” ဆိုပြီး ချစ်စဖွယ်လေး ပြောပြထားတဲ့ ပိုးလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။






Some text some message..