ညအိပ်ဝတ်စုံနဲ့ကနေရင်းကနေ အလန်းစားပုံစံလေးအဖြစ်အသွင်ပြောင်းလဲပြလိုက်တဲ့ ခြူးလေးရဲ့ Tik Tok ဗီဒီယို
myanmarload.com
|
2020-02-07
မင်းသမီးချောလေး ခြူးလေးကတော့ ဇာတ်လမ်းတွဲမင်းသမီးလေးအဖြစ် စတင်အောင်မြင်လာခဲ့တာဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တော်တဲ့ ခြူးလေးက သဘာဝကျကျသရုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေက ဝန်းရံအားပေးနေရတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းသလို သွက်သွက်လက်လက်နဲ့ ပြောဆိုနေထိုင်တတ်တဲ့ ခြူးလေးကို ယောက်ျားလေး၊မိန်းကလေးမရွေး ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။
တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတဲ့ ခြူးလေးက ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲတွေရိုက်ကူးနေရတဲ့အပြင် နယ်ပွဲတွေမှာပါ သီချင်းတွေသီဆိုဖျော်ဖြေနေရတာ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို အဆိုပိုင်းမှာလည်း ထူးချွန်သူလေးဖြစ်တဲ့ ခြူးလေးကတော့ ပြီးခဲ့တဲ့ရက်က နွားထိုးကြီးမြို့မှာလည်း သွားရောက်ဖျော်ဖြေခဲ့ရပါတယ်။ အခုလည်း ခြူးလေးက ချစ်စရာကောင်းတဲ့ဟန်ပန်အမူအရာလေးတွေနဲ့ ရိုက်ကူးထားတဲ့ Tik Tok ဗီဒီယိုလေးတွေကို မျှဝေထားပါတယ်။
အလန်းစားဖက်ရှင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ ခြူးလေးကတော့ တက္ကသိုလ်ဂွမ်းပုံရဲ့ဇာတ်ဝင်ခန်းတစ်ခုထဲကအသံနဲ့အတူ Tik Tok ကစားပြထားပါသေးတယ်။ ဒါ့အပြင် ခြူးလေးက ညအိပ်ဝတ်စုံလေးနဲ့ကနေရင်းကနေ အလန်းစားပုံစံလေးဖြစ်အောင် အသွင်ပြောင်းလဲပြလိုက်တာလေးကလည်း တကယ့်ကို ကြွေချင်စရာကောင်းနေတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခြူးလေးရဲ့ အမိုက်စား Tik Tok ဗီဒီယိုအသစ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
#တက္ကသိုလ်ဂွမ်းပုံ
#သရုပ်ဆောင်
#နွားထိုးကြီး
#မင်းသမီး
#ဇာတ်လမ်း
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်