“မို့မို့မြင့်အောင်အတွက် လိုအပ်နေတဲ့ မျက်လုံးတစ်လုံးကိုလှူဒါန်းပေးလိုက်တဲ့ လမင်းကဗျာ”
celegabar.com
|
2020-02-10

ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ဇာတ်ပိုကဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး လမင်းကဗျာကတော့ ဒီနေ့မှာ ညီမလေးမို့မို့မြင့်အောင်အတွက်လိုအပ်နေတဲ့ မျက်လုံးတစ်လုံးကို လှူဒါန်းပေးလိုက်ပါတယ်။လမင်းကဗျာဟာ အလှူအတန်းတွေကို သဒ္ဒါကြည်ဖြူစွာနဲ့ ဖြူစင်မွန်မြတ်စွာအမြဲလိုလို လှူဒါန်းပေးလေ့ရှိတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း နတ်မောက်မြို့ ထန်းပင်မျောင်ကျေးရွာမှာနေထိုင်တဲ့ ညီမငယ်လေးမို့မို့မြင့်အောင်တစ်ယောက် လိုအပ်နေတဲ့ မျက်လုံးတုတစ်လုံးကို လှူဒါန်းပေးခဲ့တာပါ။အခုလို လှူဒါန်းဖြစ်ခဲ့တာကို “ဒီညီမလေးနာမည်က မို့မို့မြင့်အောင်တဲ့။ဒုတိယနှစ် အင်္ဂလိပ်စာဘာသာရပ်နဲ့ အဝေးသင်တက်နေတဲ့ကျောင်းသူလေးပါ။ဇာတိက နတ်မောက်မြို့နယ် ထန်းပင်မျောင်ကျေးရွာ သူနာပြုသင်တန်းတက်နေတာပါ။ သူ့ရဲ့ကွက်လပ်လေးဖြည့်ပေးခဲ့ပါတယ်။ ခုတော့ မြင်တဲ့အတိုင်းပဲလေ။ ဘယ်လောက်တောင်ဝမ်းသာနေလည်းဆိုတာ သူ့မျက်နှာအပြုံးကသက်သေပေါ့။ သူ့အတွက်ကုန်ကျစရိတ်ငွေ ၃သိန်းကို လှူဒါန်းပေးခဲ့ပါတယ်။”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နာကနေ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

လမင်းကဗျာက လှူဒါန်းခွင့်ရအောင် ကူညီပေးတဲ့ အစ်ကိုကိုလည်း ကျေးဇူးတင်ကြေင်းပြောထားတဲ့ အပြင် ဒီအလှူပိုစ့်လေးကို မြင်တဲ့(၇)ရက်သားသမီးအပေါင်းလည်း ဝမ်းသာပီတိဖြစ်ပြီး သူ့ရဲ့အလှူကုသိုလ်လေးကို ထပ်တူထပ်မျှရကြပါစေလို့လည်း မျှဝေပေးထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ လမင်းကဗျာရဲ့ မွန်မြတ်လှတဲ့ အလှူလေးကိုသာဓုခေါ်ဆိုလို့ရအောင်မျှဝေပေးလိုက်ပါတယ်။

Chilli – CeleGabar
Source – Wai Lu , Lamin Kabyar
ဇော်ဂျီဖြင့်ဖတ်ရန်။

Some text some message..