ကမ္ဘာကျော်ဂရိဒီဇိုင်နာရဲ့ဖက်ရှင်လက်ရာကိုဝတ်ဆင်ပြီး ဂျပန်မြန်မာပွဲတော်ကိုတက်ရောက်ခဲ့တဲ့ နေခြည်ဦး
celegabar.com
|
2020-02-11

နေခြည်ဦးဟာ အချိန်တိုအတွင်းမှာ Beauty Blogger တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အောင်မြင်ကျော်ကြားလာသူတစ်ယောက်ပါ။သွက်လက်ပွင့်လင်းပြီးဟန်ဆောင်မှုမရှိတဲ့ နေခြည့်ကို ပရိသတ်တွေကသဲသဲလှုပ်အားပေးကြသလို နေခြည်ကလည်း အသစ်အဆန်းအံ့သြစရာတွေကို တစ်ခုပြီးတစ်ခုချပြလေ့ရှိပါတယ်။

နေခြည်ဦးဟာ နှာခေါင်းခွဲစိတ်တဲ့အကြောင်းကို ပရိသတ်တွေကိုပွင့်ပွင့်လင်းလင်းချပြရုံသာမက အခုဆိုရင် ရင်သားခွဲစိတ်တဲ့အကြောင်းကိုပါ ပရိသတ်တွေကို ချပြထားပါတယ်။နေခြည့်ရဲ့ပထမဆုံးဇာတ်လမ်းတွဲအနေနဲ့ mntv ရုပ်သံလိုင်းမှာထုတ်လွှင့်တဲ့ “အိပ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်လမ်းလေးမှာ မိုရီဆာကီဝင်းနဲ့အတူပါဝင်သရုပ်ဆောင်ထားတာပါ။မနေ့ကတော့ ဂျပန်မြန်မာပွဲတော်ကိုတက်ရောက်ခဲ့တာဖြစ်ပြီး ထူးခြားတဲ့ဝတ်စုံလေးနဲ့အတူ ဂျပန်မလေးလို့ချစ်စရာကောင်းနေခဲ့တာပါ။

နေခြည်ဝတ်ဆင်ထားတဲ့ ခပ်ဆန်းဆန်းဝတ်စုံလေးကတော့ ကမ္ဘာကျော်ဂရိဖက်ရှင်ဒီဇိုင်နာ Mary Katrantzou ရဲ့လက်ရာဝတ်စုံပဲဖြစ်ပါတယ်။ဒီလက်ပြတ်ဝတ်စုံလေးနဲ့အတူ ဆံပင်နှစ်ဖက်ကိုအထုံးလေးထုံးထားတာကြောင့် ပရိသတ်တွေကတော့ ဘိုမရုပ်လေးလိုချစ်ဖို့ကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေကိုပေးခဲ့ကြပါတယ်။နေခြည်ကတော့ အသစ်အဆန်းဖက်ရှင်တွေနဲ့လည်း ပရိသတ်ကိုချပြလေ့ရှိတဲ့သူတစ်ယောက်ပါပဲနော်…
Source : NayChiOo
Rose – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

Some text some message..