                                                                                                        နိုင်ငံကျော်မင်းသမီးချော ခိုင်သင်းကြည်ကတော့ ယနေ့မှာ MRTV 4 ရုပ်သံလိုင်းမှာ စတင်ပြသတော့မည့် “ ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားထောင်းဆင်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဆရာမလေး မပုန်းရည်ကာရိုက်တာအတွက် ကြိုးစားခဲ့ပုံတွေကို ““ ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားထောင်းဆင်” ရုပ်သံဇာတ်လမ်းတွဲ ဒီနေ့ည (၇)နာရီMRTV 4 မှာ စတင်ပြသပါပြီရှင်။ ဒီဇာတ်လမ်းတွဲကြီးမှာ ဆရာမလေးမပုန်းရည်အဖြစ် မခိုင်လေး ပါဝင်သရုပ်ဆောင်ထားပါတယ်။ တချို့တွေကလည်း မပုန်းရည်က(၂၀)ကျော်အရွယ်လေးဖြစ်ရမှာ မခိုင်လေးနဲ့မလိုက်ဘူး လို့ရေးကြတာတွေ့ပါတယ်။ 
                                                                                                
                                                                                                 (ကိုယ့်ပရိတ်သတ်တွေကြတော့လည်း စာအုပ်ဖတ်ပြီးကတည်းက မပုန်းရည်လေးကကိုယ်နဲ့မှ အလိုက်ဆုံးတဲ့)သူတို့ရေးကြတာလဲအမှန်ပါဘဲ (၂၀)အရွယ်သရုပ်ဆောင်နဲ့ ဆိုရင်တော့ပိုလိုက်ပါတယ် မခိုင်လေးကလည်းကိုခန့်တို့မခိုင်ကြီးတို့က လုပ်စေချင်လို့ရယ် ကိုယ်တိုင်ကလည်း ဒီကာရိုက်တာလေးကိုကြိုက်လို့ရယ်ရိုက်ဖြစ်သွားတာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် အားသာချက်အားနည်းချက်ဆိုတာ ရှိစမြဲမို့မခိုင်လေးအတွက် အားနည်းချက်တွေရှိပေမဲ့ တခြားသရုပ်ဆောင်နဲ့ဆိုရင်လည်း အားသာချက်အားနည်းချက်တွေရှိမှာပါဘဲ။ သရုပ်ဆောင်တဲ့အပိုင်းကတော့ အေးဆေးတည်ငြိမ်ပြီး ခါတိုင်းကားတွေလို အစွာပုံစံမဟုတ်ပေမဲ့ ဆရာမဆိုတော့ပြတ်သားတိကျတဲ့အသံအနေအထားနဲ့တော့ သရုပ်ဆောင်ပါတယ်။ ကျန်တဲ့အဝတ်အစားမိတ်ကပ်လည်း ဂရုစိုက်ထားပါတယ်(ဒီဓါတ်ပုံထဲက ပိတ်ဖောက်ဇာအကျီလေးက ဇာတ်ဝင်သီချင်းနဲ့ မြို့တက်တဲ့အခန်းမှာမို့ဝတ်တာပါ)။ ဘာဘဲပြောပြော ဒီဇာတ်လမ်းတွဲရိုက်ကူးနေတဲ့အချိန်တွေမှာကိုယ့်အဖွဲ့သားတွေစည်းလုံးပြီး ပျော်စရာကောင်းခဲ့သလို အလှူတွေအများကြီးလုပ်ဖြစ်ခဲ့တာလဲ အမှတ်တရပါဘဲ။ 
                                                                                                
                                                                                                 ပြီးတော့မခိုင်လေးက လက်ခံထားတဲ့ရုပ်ရှင်ကားကြီးရယ် (ဇာတ်လမ်းတွဲရက်ကနဲနဲရွှေ့သွားလို့) Myanmar’s Got Talent နဲ့ရုံတင်တဲ့ဇာတ်ကား press show,အသံသွင်းတွေအတွက် ရန်ကုန်ပြန်ရတာမို့နဲနဲတော့ပင်ပန်းပါတယ် တခါတလေ got talent အပြီး တညလုံးပုပ္ပါးကိုကားမောင်းသွား မနက်ရှုတင်ဝင်ရတာတို့ ,နေ့ညဆက်တိုက်၉ရက်လောက် ရိုက်ရတာတို့လဲရှိပါတယ်, ကိုယ့်အခန်းတွေကလဲများတော့ နေမကောင်းဖြစ်ပြီး ဖျားနေလဲအဖွဲ့သားတွေနားရမှာစိုးတာရယ် ရိုက်ရက်စေ့လို့ပြန်ရမဲ့သူတွေရယ် ရှိနေလို့မနားဘဲရိုက်တာလဲရှိပါတယ် (တချို့အခန်းတွေပင်ပန်းပြီးမျက်နှာတွေအရမ်းကျနေတာ သီးခံပြီးကြည့်ပေးကြပါနော်)ဒီကားမှာရှိလာတဲ့ အခက်အခဲတွေကို ဒိုင်ခံဖြေရှင်းပေးပြီး ဇာတ်ကားတကားလုံးပြီးတဲ့အထိ (ပွဲတွေအလုပ်ကိစ္စတွေရှိလည်း) မပြန်ဘဲပုပ္ပါးမှာနေပေးခဲ့တဲ့ ချစ်ကိုကြီးကိုခန့်, MRTV 4ကတာဝန်ရှိတဲ့သူများနဲ့ ဆူးပန်းခွေတဖွဲ့သားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ 
                                                                                                
                                                                                                 CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသမီးချော ခိုင်သင်းကြည်ပါဝင်သရုပ်ဆောင်ထားတဲ့ “ ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားထောင်းဆင်” ရုပ်သံဇာတ်လမ်းတွဲကြီးကတော့ ယနေ့ည (၇)နာရီ MRTV 4 ရုပ်သံလိုင်းမှာ စတင်ပြသတော့မှာလည်းဖြစ်ပါတယ်နော်။ 
                                                                                                
Source: Khine Thin Kyi
 DarDar-CeleGabar
 ဇော်ဂျီဖြင့်ဖတ်ရန် 
“ဆရာမလေး မပုန်းရည်ကာရိုက်တာအတွက် ကြိုးစားခဲ့ပုံများပြောပြလာတဲ့ မခိုင်လေး” 