“မိန်းကလေးတွေမဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်ဖြစ်လာမယ့် လေဒီဒိန်းဂျား ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer”
celegabar.com
|
2020-02-17

အခုနောက်ပိုင်းဇာတ်ကားကောင်းများစွာကို ပုံဖော်ရိုက်ကူးနေတဲ့ဒါရိုက်တာပွင့်သိင်္ဂီဇော်ကတော့ နောက်ထပ်ဇာတ်ကားကောင်းတစ်ခုကိုရိုက်ကူးပုံဖော်လိုက်ပြန်ပါပြီ။လေဒီဒိန်းဂျားလို့ အမည်ပေးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးကတော့ မိန်းကလေးပရိသတ်တွေကို အကြိုက်တွေ့စေမှာအမှန်ပါပဲ။

ဒီဇာတ်ကားကြီးထဲမှာတော့ လေဒီဒိန်းဂျားဆိုတဲ့ဇာတ်ရုပ်နဲ့လိုက်ဖက်ညီစွာ ဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်၊အိန္ဒြာကျော်ဇင်၊ပိုင်ဖြိုးသုတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ခန့်စည်သူ၊ခါရာ တို့နဲ့အတူမြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။သစ္စာမရှိ၊ဖောက်ပြန်တတ်တဲ့ ယောက်ျားတွေကို သင်ခန်းစာပေးဖို့မွေးဖွားလာတဲ့မိန်းမတစ်ယောက်အဖြစ် အိန္ဒြာကျော်ဇင်၊နောက်ကွယ်မှာဖောက်ပြန်နေတဲ့ ယောက်ျားဖြစ်သူကို ချက်ကောင်းထိမှပစ်ဖို့ချောင်းနေတဲ့ အကြံကြီးသူ ထွန်းအိန္ဒြာဗိုလ်နဲ့ ခဲမှန်တဲ့စာသူငယ်မလေးဆိုပေမယ့် အဆိပ်ပြင်းလွန်းတဲ့ပိုင်ဖြိုးသုတို့က ဘယ်လိုမျိုးမိန်းမမာယာတွေကို ထုတ်သုံးသွားမလဲဆိုတာကိုတော့ ဒီဇာတ်ကားကြီးထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်။

ယောက်ျားတွေကို သိပ်မုန်းတဲ့မိန်းမတစ်ယောက်၊သစ္စာမဲ့တဲ့ယောက်ျားတွေကိုမှ ချစ်ချင်ကြတဲ့မိန်းမတချို့ အမျိုးအစားမတူပေမယ့်လည်း မိန်းမမာယာသဲကိုးဖြာဆိုတဲ့စကားအတိုင်းပဲ မွေးကတည်းကသင်စရာမလိုဘဲ မာယာကြွယ်တဲ့မိန်းမတွေကြားမှာ သစ္စာမရှိတဲ့ယောက်ျားတွေ ဘယ်လိုပြန်ခံစားရမလဲဆိုတာကိုတော့ ဒါရိုက်တာပွင့်သိဂီၤဇော်က အကောင်းဆုံးရိုက်ကူးပုံဖော်ထားပါတယ်။ဒီဇာတ်ကားကြီးကိုတော့(၂၇.၂.၂၀၂၀) မှာ ရုံတင်ပြသသွားမှာဖြစ်တဲ့အကြောင်း သွားရောက်အားပေးချင်တဲ့ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – Lady Danger ရုပ်ရှင်ဇာတ်ကားကြီး
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Some text some message..