မိမိနာမည်ကိုအသုံးပြုတဲ့ Page အတုတွေကို အထင်လွဲစေတဲ့အပြုအမူတွေမလုပ်ဖို့ မေတ္တာရပ်ခံလိုက်တဲ့ မင်းသွေးခန့်
celegabar.com
|
2020-02-17

မြန်မာနိုင်ငံမှာတော့ မိန်းကလေးပရိသတ်တွေအားပေးဝန်းရံကြတဲ့ မော်ဒယ်လ်၊မင်းသားချောတွေအများကြီးရှိပြီး အဲ့ဒီအထဲမှာမင်းသွေးခန့်ကလည်း အပါအဝင်ပါ။ မော်ဒယ်လ်၊မင်းသားချောမင်းသွေးခန့် ကိုတော့ Music Video တွေမှာ မြင်တွေ့ဖူးနေကြဖြစ်မှာပါ။အခုဆိုရင်လည်း မြန်မာနိုင်ငံရဲ့ပထမဆုံး BL ဇာတ်လမ်းဖြစ်တဲ့ Innocence ဆိုတဲ့ဇာတ်လမ်းတွဲမှာ တုနှိုင်းခဆိုတဲ့ ဗီလိန်ဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

အသားဖြူဖြူနဲ့သန့်ခန့်ချောမောတဲ့ မင်းသွေးခန့်ကတော့ Innocence ဇာတ်ကားလို လိင်တူကြိုက်တဲ့ဇာတ်ရုပ်မျိုးကို ပါဝင်သရုပ်ဆောင်မှာကြောင့် စိတ်ဝင်စားလာရာကနေ အခုဆိုရင် Ar T ရဲ့ Silent ဆိုတဲ့ သီချင်းအသစ်မှာပါဝင်ထားပြီး ပရိသတ်တွေကြားလူပြောများနေတာပါ။ပရိသတ်တွေဝန်းရံခံနေရတဲ့မင်းသားတစ်လက်ဖြစ်သလို မင်းသားရဲ့နာမည်ကိုအသုံးချသူတွေလည်းရှိပါတယ်။အဲ့ဒီလူတွေကိုတော့ မင်းသွေးခန့်က သူ့ရဲ့My Story မှာ “အစ်ကိုကိုယ်တိုင်ဒီ Page ကလွဲပြီးဘာတစ်ခုမှ မသုံးပါဘူး။အားပေးတဲ့ page တွေကို တကယ်ကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့ အစ်ကိုကိုယ်တိုင်ပြောတဲ့ပုံစံမျိုးနဲ့စာတွေမတင်ပါနဲ့နော်။တောင်းဆိုပါတယ်။” လို့ ရေးသားထားတာပါ။

ဒီလိုကိစ္စမျိုးဟာ နာမည်ကြီးတဲ့အနုပညာရှင်တော်တော်များများမှာ ကြုံရတာလည်း ဖြစ်ပါတယ်။မင်းသွေးခန့်ကလည်း သူ့နာမည်ကိုအသုံးပြုပြီး အထင်လွဲအောင်လုပ်တာမျိုးတွေမလုပ်ဖို့ကို တောင်းပန်ထားပါသေးတယ်။မင်းသွေးခန့်အမှန်တကယ်အသုံးပြုတဲ့ Page ကတော့ တစ်ခုတည်းရှိတာပါ။အဲ့ဒါကတော့ Follower (၂)သိန်းနီးရှိတဲ့ Min Thway Khant (Raspberry) ဆိုတဲ့ အကောင့်ပါပဲနော်…

Source : MinThwayKhant
PanKyarWutHmone – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

Some text some message..