ဘုရားကျောင်းအတူတူလိုက်တက်ပေးပြီး ဘုရားကိုချစ်တဲ့သူနဲ့လက်တွဲခွင့်ရလို့ ကျေနပ်ပျော်ရွှင်နေတဲ့ခင်လေးနွယ်
myanmarload.com
|
2020-02-18
မင်းသမီးချောလေး ခင်လေးနွယ်ကတော့ ချစ်စရာကောင်းတဲ့ လီဆူးတိုင်းရင်းသူလေးတစ်ဦးဖြစ်ပြီး ဖြူစင်အေးချမ်းတဲ့အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အနုပညာလောကမှာ မသိသူမရှိလောက်အောင် အောင်မြင်နေတဲ့ ခင်လေးနွယ်က တစ်ချိန်က ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ ခင်လေးနွယ်က ပွဲအခမ်းအနားလေးတွေကို တက်ရောက်နေသလို သူမရဲ့ပရိသတ်တွေအတွက်လည်း ပုံလေးတွေကိုတင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။
အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို သေသေချာချာအသိပေးထားခြင်းမရှိခဲ့တဲ့ ခင်လေးနွယ်က မကြာသေးခင်ကပဲ သူမရဲ့ချစ်သူကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ ခင်လေးနွယ်က ငယ်ငယ်ကတည်းက ခင်မင်ရင်းနှီးခဲ့တဲ့သူငယ်ချင်းနဲ့ပဲ ချစ်သူဘဝကိုပြောင်းလဲပြီး လက်တွဲခဲ့တာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၁) နှစ်နီးပါးရှိနေပြီတဲ့ ခင်လေးနွယ်ရဲ့အချစ်ခရီးလမ်းလေးကတော့ သာယာဖြောင့်ဖြူးပြီး ပျော်ရွှင်စရာကောင်းနေတာ ဖြစ်ပါတယ်။
အခုလည်း ခင်လေးနွယ်က " ဗိုလ်ကြီး မရှိပေမယ့်...ဘုရားကျောင်းတူတူ လိုက်တက်ပေးမယ့်ချစ်သူရှိနေပြီ....ဘုရားကို ချစ်တဲ့သူနဲ့ တူတူ လက်တွဲခွင့်ရတာအမက်မောဆုံးပဲ..." ဆိုပြီး ချစ်သူနဲ့ပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။ ခင်လေးနွယ်ကတော့ သူမကိုပျော်ရွှင်အောင်ထားတတ်တဲ့ချစ်သူကို ပိုင်ဆိုင်ထားရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခင်လေးနွယ်တို့ချစ်သူနှစ်ဦးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
#ခင်လေး
#နွယ်
#လီဆူး
#ပရိသတ်
#မင်းသမီး
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်