“နောက်ထပ်ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားဦးမယ့် ကျော်ဆု”
celegabar.com
|
2020-02-18

ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော ကျော်ဆုကတော့ လက်ရှိမှာအောင်မြင်မှုတွေဆက်တိုက်ဆိုသလို ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ “အခန်းနံပါတ် ?” ရုပ်သံဇာတ်လမ်းတွဲကြီးကလည်း MRTV (4)ကထုတ်လွှင့်ပြသခဲ့ပြီး မကြာသေးခင်ကမှ ဇာတ်သိမ်းထားတာပဲဖြစ်ပါတယ်။ “အခန်းနံပါတ် ? ”ရုပ်သံဇာတ်လမ်းတွဲမှာတော့ ကျော်ဆုက ရဲတွေလက်မှလွတ်မြောက်ရန် ငယ်ရွယ်တဲ့ဗညားအဖြစ်မှ အသက်ကြီးကြီးအဘိုးကြီး ဗညားအဖြစ် ရုပ်ဖျက်ပြီးသရုပ်ဆောင်ခဲ့ရတာပဲဖြစ်ပါတယ်။

ရုပ်ဖျက်ပြီး သရုပ်ဆောင်ရတဲ့အသက်ကြီးကြီး လူကြီးတစ်ယောက်ရဲ့ဇာတ်ရုပ်မှာ ကျော်ဆုက သဘာဝကျကျနဲ့ပြီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေက ကျော်ဆုကိုသဘောကျနေခဲ့ကြပါသေးတယ်။လတ်တလောမှာတော့ ကျော်ဆုကနောက်ထပ်ရုပ်သံဇာတ်လမ်းတွဲအသစ်လေးကို ရိုက်ကူးသွားဖို့ရှိနေပါသေးတယ်။ ဒီဇာတ်လမ်းတွဲရဲ့ နာမည်လေးကတော့ “သရဖူ”လို့ သိရှိရပြီး ဒီနေ့မှာပဲ ရွှေတိဂုံဘုရားမှာ ဇာတ်လမ်းတွဲရဲ့ ကန်တော့ပွဲပေးအခမ်းအနားကြီးကို ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ ကျော်ဆုကဘယ်လိုဇာတ်ရုပ်မျိုးနဲ့ သရုပ်ဆောင်သွားဦးမှာလဲဆိုတာကိုတော့ ပရိသတ်တွေလည်း စိတ်ဝင်စားနေကြမယ်ထင်ပါတယ်။CeleGabar ပရိသတ်ကြီးတွေထဲက ကျော်ဆုရဲ့ ဇာတ်လမ်းတွဲတွေကို မျှော်လင့်စောင့်စားနေတဲ့ ပရိသတ်တွေအတွက် မင်းသားချောကျော်ဆုက နောက်ထပ် ရုပ်သံဇာတ်လမ်းတွဲကြီးကို ရိုက်ကူးနေတဲ့ ဒီသတင်းကောင်းလေးကိုမျှဝေဖော်ပြပေးလိုက်ရပါတယ်နော်။

Chilli – CeleGabar
Source – Kyaw Su
ဇော်ဂျီဖြင့်ဖတ်ရန်။

Some text some message..